ထိုင်းမင်းသားတွေကလည်း မြန်မာမလေးတွေရဲ့ အသည်းနှလုံးကိုတဖြည်းဖြည်းနဲ့လှုပ်ခတ်လာနိုင်ခဲ့ပါတယ်။ ထိုင်းဇာတ်လမ်းတွဲတွေက လူငယ်ကြိုက်ဇာတ်လမ်းတွဲတွေမျိုးဖြစ်ကြပြီး၊ ကြည့်ရတာလည်းစိတ်ပေါ့ပါးသလို၊ စိတ်ကူးယဉ်လို့ကောင်းတဲ့ဇာတ်လမ်းတွဲမျိုးတွေဖြစ်ပါတယ်။ထိုင်းရုပ်ရှင်ဇာတ်လမ်းတွေကိုကြည့်ရင်းနဲ့ မင်းသားချောချောလေးတွေရဲ့အကြောင်းကိုလည်းစိတ်၀င်စားကြမယ်လို့ထင်ပါတယ်။

Chanon santinatornkul

Bad Genius ဇာတ်ကားနဲ့လူသိများပြီး အခုလက်ရှိထွက်နေတဲ့ 46 Days မှာလည်းသရုပ်ဆောင်ထားပါတယ်။Nong ကဘန်ကောက်မြို့မှာပဲ မွေးဖွားပြီး June 6, 1996 မှာပဲမွေးဖွားခဲ့ပါတယ်။ သူက ထိုင်းနဲ့တရုပ်နဲ့စပ်တယ်လို့လည်းသိရပါတယ်။အရပ်ကလည်း 175 cm ဆိုတော့မဆိုးဘူးလို့ပြောလို့ရတယ်နော်။

Luke Ishikawa Plowden

ညို့အားကောင်းပြီး ဆွဲဆောင်မှုရှိတဲ့ကောင်လေးတစ်ယောက်လည်းဖြစ်သလို  ကောင်မလေးတွေအတွက်တော့ Boyfriend Material နဲ့လည်းပြည့်စုံတဲ့ကောင်လေးတစ်ယောက်လည်းဖြစ်ပါတယ်။ အားကစားလုပ်တာ၊စာဖတ်ရတာ၊ Game ဆော့ရတာလည်းသူ့ရဲ့ဝါသနာတွေလို့သိရပါတယ်။Luke ကအမေရိကန်နဲ့ ဂျပန်လူမျိုးဖြစ်ပါတယ်။ သူကို Fashion Show တွေမှာလည်း Cat Walk တွေလျှောက်ပါသေးတယ်။

August Vachiravit

သူရီလိုက်ရင် လောကကြီးတစ်ခုလုံးမေ့လဲသွားတဲ့အပြုံးပိုင်ရှင်လေး August လေးက ကျောင်းသားဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်တာများပါတယ်။သူက August 31, 1996 Born ပါ။သူကအနုပညာလောကထဲကို 2014 လောက်ကတည်းက၀င်လာတာလို့သိရပါတယ်။ Guitar တီးရတာကိုလည်း အရမ်းကြိုက်တယ်လို့ပြောထားပါတယ်။နောက်ပြီး သူက BL ဇာတ်လမ်းတွဲတွေမှာလည်းသရုပ်ဆောင်ပါသေးတယ်။

Photo Source – Pinterest