အားလုံးပဲ မင်္ဂလာပါနော်။ သင့်အကြိုက်ဆုံးအရောင်က အဝါရောင်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ ကိုယ်ကြိုက်တဲ့ အရောင်တွေကနေ ကိုယ့်အကြောင်းကို သိနိုင်ပါတယ်။ သင်က အဝါရောင်ကြိုက်တဲ့ မိန်းကလေးဆိုရင် အောက်မှာ ပြောထားတဲ့အချက်တွေက သင်နဲ့ ကိုက်ညီမှုရှိလား ကြည့်ကြည့်လိုက်နော်-

၁။ သင်က ပျော်ပျော်နေတတ်ပါတယ်။

၂။ အတွေးကောငး်တွေပိုင်ဆိုင်ထားပြီး တီထွင်နိုင်စွမ်းလည်းမြင့်မားပါတယ်။


၃။ စဉ်းစားတဲ့အချိန်တိုငး် လက်တွေ့ကျကျ စဉ်းစားတတ်ပါတယ်။

၄။ စိတ်မြန်ပါတယ်။ ဆုံးဖြတ်ချက်ချတဲ့အခါလည်း တည်ငြိမ်မှုမရှိဘဲ ခပ်လောလော ချတတ်ပါတယ်။


၅။ အမှီအခိုကင်းကင်း နေချင်သူတွေဖြစ်ပါတယ်။ သူငယ်ချင်းပေါင်းတဲ့အခါလည်း ရွေးပေါင်းတတ်ပါတယ်။

၆။ သင့်အနားမှာ သူငယ်ချင်းအများအပြားမရှိတတ်ဘဲ ခင်တဲ့လူတွေပဲ ရှိတတ်ပါတယ်။


၇။ ခံစားချက်တွေကို ဖုန်းကွယ်ထားတတ်ပါတယ်။ ပြဿနာတွေရင်ဆိုင်တဲ့နေရာမှာလည်း အကြောက်အလန့်ကင်းတဲ့ မျက်နှာထားနဲ့ ရင်ဆိုင်တတ်ပါတယ်။

၈။ ဆုံးဖြတ်ချက်ချရင်လည်း ဗြုန်းစားကြီး ချတတ်ပါတယ်။


၉။ ကိုယ့်စိတ်နဲ့ အဆင်မပြေခဲ့ရင်တခြားလူကို ရန်တွေ့ဖို့ ဝန်မလေးပါဘူး။

၁၀။ သင်က ပိုက်ဆံအလွယ်လေး ရှာနိုင်ပါတယ်။ ဒါပေမဲ့ ရလာတဲ့ပိုက်ဆံကိုလညး် မစဉ်းစားဘဲ သုံးဖြုန်းတတ်ပါတယ်။


၁၁။ ဦးနှောက်နဲ့စဉ်းစားရတဲ့ အရာတွေမှာ ထူးချွန်ကြပါတယ်။ Brain Game တွေဆိုလည်း ကျွမ်းကျင်ကြပါတယ်။

၁၂။ မာနကြီးပါတယ်။ အဝတ်အစားဝတ်တဲ့အခါမှာ လူတိုင်းကြွေကျအောင် ဝတ်တတ်ပါတယ်။ ခေါင်းမာပါတယ်။

Photo Source: Pinterest

By MyStyle Myanmar