အားလုံးပဲ မင်္ဂလာပါ။ သင်က နှင်းဆီပန်းတွေကို မြတ်မြတ်နိုးနိုးကြိုက်နှစ်သက်သူတစ်ယောက်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါ။ နှင်းဆီပန်းမွှေးရနံ့နဲ့ နှင်းဆီပန်းရဲ့အလှက လူတိုင်းကို ယဇ်မူးစေပါတယ်။ ကိုယ်ကြိုက်တဲ့ ပန်းအလိုက် ကိုယ့်ရဲ့ အပြုအမူတွေကလည်း ပန်းလေးတစ်ပွင့်လို ဖြစ်နေတတ်ပါတယ်။ ဒီတော့ သင်က နှင်းဆီပန်းကြိုက်တယ်ဆိုရင်တော့ ဆက်ဖတ်လိုက်ပါနော်-

၁။ နှင်းဆီပန်းတွေက လှပေမယ့် အပြင်ဘက်မှာ ဆူးတွေနဲ့ ကာရံထားတတ်ပါတယ်။ နှင်းဆီပန်းကြိုက်တဲ့ မိန်းကလေးတွေကလည်း ဒီလိုပါပဲ။ အပြင်ပန်းမှာ ရက်ရက်စက်စက်လှတတ်ပေမယ့် လူတွေသူတို့အနား မကပ်နိုင်အောင် မာနကြီးနေတတ်ပါတယ်။

၂။ နှင်းဆီပွင့်ဖတ်တွေက နူးညံ့ပါတယ်။ နှင်းဆီပန်းကြိုက်တဲ့ မိန်းကလေးတွေရဲ့ စိတ်ကလည်း ထိလွယ်ရှလွယ်ပါတယ်။ စိတ်ထိခိုက်လွယ်ကြပါတယ်။


၃။ နှင်းဆီပန်းက စိတ်ကူးယဉ်ဆန်ခြင်း လို့ အဓိပ္ပာယ်ရပါတယ်။ နှင်းဆီပန်းကြိုက်တဲ့ မိန်းကလေးတွေကလည်း စိတ်ကူးယဉ်ဆန်ပြီး သူတို့ချစ်သူအတွက် စိတ်ကူးယဉ်ဆန်ဆန် အပြုအမူလေးတွေ လုပ်ပြတတ်ပါတယ်။ ဆိုလိုတာက ရိုတတ်ပါတယ်။


၄။ နှလုံးသားနဲ့ ဦးနှောက်ဆိုရင် နှလုံးသားကို ဦးစားပေးတတ်ပြီး နှလုံးသားခေါ်ဆောင်ရာနောက် လိုက်တတ်ပါတယ်။

၅။ အဝတ်အစားအများစုက မိန်းကလေးဆန်ပြီး ပန်းရောင်အကျ်ီလေးတွေ ပိုင်ဆိုင်ထားတတ်ပါတယ်။


၆။ မိသားစုကိုချစ်ပြီး အားလပ်ရက်တွေကိုလည်း ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းတတ်သူတွေဖြစ်ပါတယ်။

၇။ အလုပ်တစ်ခုလုပ်တဲ့အခါ ပြည့်စုံအောင် အကောင်းဆုံးဖြစ်အောင် လုပ်တတ်ကြပါတယ်။


ဒါကတော့ နှင်းဆီပန်းကြိုက်နှစ်သက်တဲ့မိန်းမလှလေးတွေအကြောင်းဖြစ်ပါတယ်။ ထိလွယ်ခိုက်လွယ် စိတ်နုတာကြောင့် သင်က နှင်းဆီပန်းမြတ်နိုးတဲ့ မိန်းကလေးတစ်ယောက်နဲ့ ချစ်မိတယ်ဆိုရင် တန်ဖိုးထားပေးပါနော်။

Photo Source: Pinterest

By MyStyle Myanmar