ကိုယ်ကြိုက်တဲ့အရောင်ကနေ ကိုယ့်အကြောင်းကို အများအပြားသိရှိနိုင်ပါတယ်။ အရောင်တွေကို ကြည့်လိုက်တာနဲ့ သင်ကြိုက်တဲ့အရောင်က သင့်မျက်လုံးထဲမှာ ထင်းထွက်နေတတ်ပါတယ်။ သင်အကျ်ီဝယ်တဲ့အချိန်ဆိုရင်လည်း ဒီအရောင်ကိုပဲ အများအပြား ဝယ်မိတတ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ အနီရောင် Crazy ပျိုမေတွေအကြောင်းကို ပြောပြပါရစေ။

၁။ သင်က Extrovert တစ်ယောက်ပါ။ လူအများအပြားနဲ့ ပေါင်းသင်းရတာ၊ နေထိုင်ရတာကို သဘောကျပါတယ်။

၂။ သင်က သတ္တိရှိပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိပါတယ်။


၃။ သင်က ရည်ရွယ်ချက်ကြီးမားကြီး ပြိုင်ဆိုင်ချင်စိတ်ရှိသူဖြစ်ပါတယ်။ ဒီလိုပြိုင်တဲ့အခါလည်း အနိုင်ရမှ ကျေနပ်တတ်ပါတယ်။

၄။ သင့်ရဲ့ သဘောထားနဲ့ ခံယူချက်ကြောင့် လူအများရဲ့ ရိုသေလေးစားမှုကို ပိုင်ဆိုင်ထားတတ်ပါတယ်။


၅။ သင်က လောတတ်ပါတယ်။ စိတ်သိပ်မရှည်တတ်ပါဘူး။

၆။ သင်က အချိန်ဆွဲတတ်တဲ့သူမဟုတ်ပါဘူး။ လုပ်စရာအလုပ်ကို ချက်ချင်း ထလုပ်တတ်ပါတယ်။


၇။ အနီရောင်သဘောကျတဲ့သင်က ဒေါသကြီးပါတယ်။ ဒေါသထွက်လွယ်တတ်ပါတယ်။

၈။ သင်က လုပ်စရာအလုပ်ကိုလည်း အချိန်မှီပြီးအောင်လုပ်တတ်ပါတယ်။ ဘာအရာမဆို အချိန်ကိုက် ပြီးအောင်လုပ်တတ်ပါတယ်။


၉။ မာနကြီးတဲ့ မာနခဲလေးတွေဖြစ်ပါတယ်။

၁၀။ လိုချင်ပြီဆိုရင် ရအောင် လုပ်တတ်ပါတယ်။

အနီရောင်ကြိုက်တဲ့သင်နဲ့ ဒီအချက်တွေကိုက်ညီနေတယ်ဆိုရင်တော့ Comment ပေးခဲ့ပါဦး။

Photo Source: Pinterest
By MyStyle Myanmar