သင်က အသည်းကွဲပြီးခါစ မိန်းကလေး တစ်ယောက်ဆိုရင် ဘဝကို အသစ်တဖန် ပြန်စချင်တာ ဒါမှမဟုတ် ပေါက်ကွဲပစ်ချင်တာတွေ ရှိမှာပါ။ ဒါမှမဟုတ်လည်း သင်က အသည်းမကွဲရင်တောင် မိတ်ကပ်စတိုင်ကို ပုံစံ ပြောင်းချင်တယ်ဆိုရင် အခုဖော်ပြမယ့် Makeup Look တွေက သင့်အတွက် ဖြစ်ပါလိမ့်မယ်။ ABG ရဲ့ အရှည်က Asian Baby Girl ဖြစ်ပြီးတော့ ဒီ Baby Girl ဆိုတာက Character တစ်ခုပါ။ ဘဝကို ကိုယ်နေချင်သလို နေတဲ့ မိန်းကလေး တစ်ယောက်၊ ဘယ်သူ့မှ ဂရုမစိုက်တဲ့၊ ဘယ်သူ့ထင်မြင်ချက်မှ ဂရုမစိုက်တဲ့ မိန်းကလေးလို့ အဓိပ္ပာယ် ရနေပါတယ်။ ဒီတော့ ဘယ်လို ခပ်မိုက်မိုက် Makeup Look တွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်နော်-

၁။ Highlighter ကို များများသုံးမယ်

နှာတံ၊ ပါးရိုး၊ နှာရိုး၊ မျက်လုံးထောင့် စတဲ့ နေရာတွေမှာ Highlighter များများ သုံးတဲ့ မိတ်ကပ်က ထူးခြားပြီး လှပါတယ်။

၂။ Nude Style

Eyeshadow နဲ့ နှုတ်ခမ်းကို အရောင်တူတူ Nude Makeup Look က ဂျစ်ကန်ကန် စတိုင်ကို ရစေနိုင်ပါတယ်။

၃။ ပန်းရောင် Look

ABG Makeup Look ကိုမှ ပန်းရောင်ဘက် သွားမယ်ဆိုရင်တော့ Eyeliner များများလေး ဆိုးပေးနိုင်ပါတယ်။

၄။ နှုတ်ခမ်းနီကို နီရဲအောင် ဆိုးမယ်

ABG Makeup Look ကို ပိုထူးခြားသွားစေမယ့် နှုတ်ခမ်းနီအရောင်ကတော့ ရဲရဲတောက် အနီရောင်ပါ။

၅။ ရှည်လျားတဲ့ မျက်တောင်

မျက်တောင်ကို အတုတပ်တာ၊ ဒါမှမဟုတ် ရှည်အောင် လုပ်ခြင်းက ABG Makeup Look ကို တော်တော် ထူးခြားစေပါတယ်။

၆။ Freckle Look

ဒီ Makeup Look ကိုမှ Freckle လေးတွေ ထည့်တာက ချစ်ဖို့ကောင်းပါတယ်။

၇။ Bold Look

သင်က လူကြားထဲ ထူးခြားကာ ပိုလှချင်တယ်ဆိုရင်တော့ အခုဖော်ပြထားတဲ့ မိတ်ကပ် Look ကို နမူနာ ယူသင့်ပါတယ်။

၈။ လိမ္မော်ဘက်သွားမယ်

သင်က Warm Tone ဘက် သွားချင်တယ်ဆိုရင် Eye Shadow နဲ့ နှုတ်ခမ်းနီကို လိမ္မော်ဘက် သွားတာလေး ခြယ်နိုင်ပါတယ်။

၉။ အညိုရောင်

အညိုရောင် ABG Makeup Look က အရောင်ငြိမ်ငြိမ်လေးနဲ့ ကြည့်လို့လှပါတယ်။

၁၀။ Accessories တွေထည့်မယ်

ပုံထဲက မော်ဒယ်လို နှာခေါင်းပေါ်နဲ့ နှုတ်ခမ်းအောက်မှာ Piercing Style ထည့်မယ်ဆိုရင် Makeup Look က ပိုမိုက်သွားပါလိမ့်မယ်။

၁၁။ Attractive Look

ဆွဲဆောင်မှုရှိတဲ့ Makeup Look မျိုးဆိုရင်တော့ ဒါကိုပဲ ရွေးချယ်လိုက်ပါ။

၁၂။ ယဉ်ယဉ်လေးနဲ့ မိုက်တဲ့ Makeup Look

ဒီ Look ကတော့ သင့်ကို ထူးခြားပြီး အင်မတန် လှစေပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar