အိမ်မှာနေရင်းနဲ့ ဘာ equipment မှမရှိလို့လေ့ကျင့်ခန်းလည်းမလုပ်ဖြစ်ဘူးဆိုပြီး အပျင်းမကြီးနဲ့နော်။ စားထားသမျှအဆီတွေကျအောင် လေ့ကျင့်ခန်းလုပ်ပေးသင့်သလို လှနေပနေဖို့လည်းလုပ်သင့်ပါတယ်။ ဒီတစ်ခါမျှဝေပေးချင်တာက Abs အတွက်လုပ်ပေးသင့်တဲ့လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။Abdominal Muscles လို့ဆိုတဲ့ ၀မ်းဗိုက်ကြွက်သားတွေက သန်မာအောင်လုပ်ပေးဖို့လိုသလို ဗိုက်လေးကအဆီလေးတွေမရှိရင် ကျန်းမားရေးအတွက်လည်း ကောင်းမွန်ဖို့လုပ်ပေးသင့်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေက ဘာEquipmentမှမလိုသလို တကယ်လည်းထိရောက်တဲ့ Workout တွေပဲဖြစ်ပါတယ်။

Single Leg Raises 

Leg Raises ကခန္ဓာကိုယ်အပေါ်ပိုင်းက လှဲနေဖို့လို့ပြီး ခြောက်ထောက်တစ်ဖက်စီကို  ခန္ဓာကိုယ်ရဲ့ပုံစံ ၉၀’ ဖြစ်အောင်အထက်အောက်မြောက်ပေးရပါမယ်။ အကြိမ်အရေ ၂၀လုပ်အသွားအပြန်လုပ်ပြီး ၃ခါလုပ်ပေးဖို့လိုအပ်ပါတယ်။ဒီလေ့ကျင့်ခန်းက အောက်ပိုင်းဝမ်းဗိုက်အတွက် ပြုလုပ်ပေးတာဖြစ်ပါတယ်။

Crunches 

ဒီလေ့ကျင့်ခန်းက Muscles ကိုအထိအရောက်ဆုံးလို့လည်းပြောလို့ရသလို လုပ်ရတာလည်းတော်တော်ခက်ပါတယ်။ခန္ဓာကိုယ်အပေါ်ပိုင်းကို အိပ်ချမှတ်တင်လုပ်သလိုမျိုး လုပ်ပေးရပြီး ထလာတဲ့အချိန်မှာဝမ်းဗိုက်အဆီကို ညစ်ထားရပါမယ်။ အကြိမ်အရေ ၁၀ ခါကို ၃ ကြိမ်လုပ်ပေးရပါမယ်။

Plank With Oblique Tucks 

သူက Plankထောက်သလိုမျိုးပဲ ခန္ဓာကိုယ်တစ်ခုလုံးရဲ့အဆီတွေကို ညစ်ထားရမှာဖြစ်ပါတယ်။ ခြေထောက်တစ်ဖက်ဆီကို တစ်လှည့်စီ Cross ပုံစံလိုမျိုးလေ့ကျင့်ပေးရပါမယ်။ဒီလေ့ကျင့်ခန်းလေးက ဝမ်းဗိုက်ကအဆီတွေမက တစ်ကိုယ်လုံးကအဆီတွေကိုကျစေပါတယ်။
Photo Source -fit.com