အမျိုးသမီးရော အမျိုးသားတွေပါ ဗိုက်သားချပ်ချပ်ကလေးကို လိုချင်ကြပါတယ်။

ကျွန်မတို့ နေ့စဉ်ဘဝမှာ လက်တွေ ခြေထောက်တွေကိုတော့ အသုံးပြုကြပေမယ့် ဗိုက်သားကို အသုံးပြုလေ့မရှိတာကြောင့် ဗိုက်မှာ အဆီတွေက စုနေတတ်ပါတယ်။ တကယ်လို့ လေ့ကျင့်ခန်းမလုပ်ဘဲ ဝိတ်ချရင် အရင်ကဝခဲ့တဲ့ အရေပြားက တွန့်ပြီးကျန်ခဲ့မှာမို့ ဒီလေ့ကျင့်ခန်းတွေကိုလုပ်ပေးသင့်ပါတယ်။

အခုပြောပြမဲ့နည်းလမ်းကတော့ ဗိုက်သားမှာ ကြွက်သားတွေထွက်လာမဲ့လေ့ကျင့်ခန်းမျိုးမဟုတ်ပါဘူး။ အဆီချချင်တဲ့အမျိုးသမီးတွေအတွက်ပါ။

၁။ Crunch

Source: Gfycat

ဒီနည်းလမ်းလေးက ဗိုက်သားကအဆီတွေ ချေဖျက်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းပါပဲ။

ကျောကိုလှဲလိုက်ပါ။ ပြီးရင် ဒူးခေါင်းနှစ်ဖက်ကို ဘေးသို့ကားပြီး ခြေထောက်ကို ကြမ်းပြင်နဲ့ ထိအောင်ထားပါ။

ပြီးရင် နောက်ကျောကို ကြမ်းပြင်ကနေ ထပါ။ ပြီးရင်ပြန်လှဲချလိုက်ပါ။ လက်ကိုတော့ ကိုယ်အဆင်ပြေသလို ထားနိုင်ပါတယ်။ လက်ကို နောက်စေ့နားကပ်ပြီး ထားနိုင်သလို နောက်ဖက်ကို တန်းတန်းဆန့်ထားပြီး ထနိုင်ပါတယ်။

၂။ Plank

Source: Gfycat

ခန္ဓာကိုယ်ကို မှောက်လျက်လှဲပြီး လက်တထောင်ဆစ် (သို့) လက်ဖဝါးနဲ့ ကြမ်းပြင်ကို ထောက်လိုက်ပါ။ ပြီးရင် ခြေထောက်ကိုထောက်ပြီး ခြေချောင်းတွေကို ကြမ်းပြင်နဲထိထားပါ။ ခြေချောင်းနဲ့ လက်ချောင်း(သို့) တဒေါင်ဆစ်တွေပဲ ကြမ်းပြင်နဲ့ထိထားရမှာပါ။ ကိုယ်လုပ်နိုင်တဲ့ထိ တောင့်ခံထားပါ။

ခြေထောက်ကို ဒီအတိုင်း ထောက်မထားနိုင်ဘူးဆိုရင်လည်း ဘောလုံးတစ်ခုကို ခံပြီးလုပ်နိုင်ပါတယ်။

၃။ Scissors

Source: WorkoutWalls

ကပ်ကြေးပုံသဏ္ဍန်အနေအထားပါ။ ကျောပြင်ကို လှဲထားပြီး လက်ကို ခါးနောက်မှာ ထားပါ။ ပြီးရင် ခြေထောက်နှစ်ဖက်ကို မြောက်ပြီး ဘယ်ဖက်က ဒူးကိုမြောက်ပြီး ညာဖက်ဒူးကို ထိအောင်လုပ်ပါ။ တစ်ဖက်ချင်းဆီပြောင်းလုပ်ပေးပါ။ တစ်ခါလုပ်ရင် စက္ကန့် ၉၀ လောက်လုပ်ပေးပါ။

အခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို ၁၀ မိနစ်ထက် ပိုလုပ်စရာမလိုပါဘူး။ ဒါပေမဲ့ ရလဒ်ကောင်းတွေရရှိလာမှာပါ။