Sarah Tyau လို့ခေါ်တဲ့ အမျိုးသမီးလေးက စက်ချုပ်တာနဲ့ အဝတ်အစားတွေကို ပုံစံအမျိုးမျိုးပြောင်းဝတ်ရတာကို စိတ်ဝင်စားသူလေးပါ။ နောက်တော့ သူမအိမ်ထောင်ကျပြီး ပထမသမီးလေးတစ်ယောက်ရလာတော့ ပိုက်ဆံစုဖို့အတွက်အဝတ်အစားအသစ်တွေ ဝယ်မဝတ်တော့ပါဘူး။

စတိုင်လ်ကျဖို့အတွက် ဈေးကြီးတဲ့အဝတ်အစားတွေ ဝယ်စရာမလိုဘူးဆိုတာ သူမသိလာတဲ့ နောက်ပိုင်းမှာ သူမရဲ့ကျွမ်းကျင်မှုကိုအသုံးချပြီးတော့ အင်္ကျီအဝတ်အစားတွေကို ပုံစံအသစ်ထွင်လာပါတယ်။ အခုဆို သူမမှာ ကလေးသုံးယောက်ရှိနေပြီဖြစ်ပြီး သူမရဲ့ Instagram မှာလည်း Follower ပေါင်းမနည်းမနောပါပဲ။

ပထမတော့ သူမအတွက်နဲ့ သူမကလေးတွေအတွက်ပဲ အဝတ်အစားဆင်ပေးတယ်။ သူမက အဝတ်အစားသစ်တွေမဝယ်ပဲ သူမရဲ့အဝတ်အစားအဟောင်းတွေ၊ ဆွေမျိုးတွေဆီက အဝတ်အစားတွေကို အသုံးပြုတယ်၊ တစ်ခါတစ်လေကျရင်လည်း Second-hand ဆိုင်က အင်္ကျီလေးတွေကိုပဲ ပုံစံအသစ်ပြောင်းလိုက်တာပါ။ အဝတ်အစားပုံစံအသစ်လေးတွေက တကယ့်ကိုပဲ ဖက်ရှင်ကျပြီးလှပနေပါတော့တယ်။

သူမကအခြားလူတွေအတွက်ပညာရအောင်လည်း YouTube တို့ Facebook တို့မှာလည်း ပြုလုပ်ပုံ ပြုလုပ်နည်းလေးတွေကိုလည်း ဗီဒီယိုတွေတင်ပြီး မျှဝေပေးပါသေးတယ်။

ဒီပုံလေးကတော့ သူတို့မိသားစုပုံလေးပါ။ သူမရဲ့ အကြီးဆုံးသမီးလေးက ဆယ်နှစ်၊ အလတ်လေးက ကိုးနှစ်နဲ့ အငယ်ဆုံးသားလေးကတော့ ငါးနှစ်ပါ။

Source: Brightside.me