အမျိုးသမီးအများစုက ကိုယ့်ထက် တစ်နှစ်ကနေ သုံးနှစ်အသက်ပိုကြီးတဲ့ အမျိုးသားတွေကို ရွေးချယ်တတ်ကြပါတယ်။ သူတို့ထက် အသက်ပိုကြီးတဲ့ အမျိုးသားတွေက သူတို့နဲ့ ပိုအဆင်ပြေမယ်လို့ ယုံကြည်ထားလို့ပါ။ ဒါပေမဲ့ ဆရာဝန်တွေနဲ့ အချစ်ရေးကျွမ်းကျင်သူတွေကတော့ ကိုယ့်ထက်အသက်ငယ်တဲ့ အမျိုးသားတွေနဲ့ ဒိတ်နေတဲ့ အမျိုးသမီးတွေက ပိုပျော်ရွှင်ကြကြောင်း ဆိုထားပါတယ်။

ဒီလေ့လာမှုကို အမျိုးသမီးပေါင်း ၂၀၀ ဆီက စစ်တမ်းယူခဲ့တာပါ။ ဒီအမျိုးသမီး အယောက် ၂၀၀ ထဲမှာ ကိုယ့်ထက် ပိုငယ်တဲ့ သူတွေနဲ့ တွဲနေသူတွေ၊ ကိုယ့်ထက်ပိုကြီးတဲ့ သူတွေနဲ့ တွဲနေသူတွေ၊ အသက်တူတဲ့ သူတွေနဲ့ တွဲနေသူတွေ အကုန်ပါဝင်ပါတယ်။

ဒီလေ့လာမှုတော့ အသက် ကွာခြားမှု ၁၀ နှစ်က အကောင်းဆုံးလို့ ဆိုထားပါတယ်။


အမျိုးသမီးတွေဟာ သူတို့ထက် အသက် ၁၀ နှစ်ပိုငယ်တဲ့ ကောင်လေးတွေနဲ့ တွဲတဲ့အခါ အပျော်ရွှင်ဆုံးဖြစ်တယ်လို့ သိရှိရပါတယ်။

အမျိုးသမီးတွေဟာ သူတို့ထက် ပိုငယ်တဲ့ သူတွေနဲ့တွဲတဲ့အခါ ပိုလွှမ်းမိုးနိုင်ကြတယ်။

ကိုယ့်ထက် အသက်ပိုငယ်သူတွေနဲ့ တွဲတဲ့ အမျိုးသမီးတွေဟာ ညီတူညီမျှ အခွင့်အရေးကို ပိုခံစားရပြီး ပိုလွှမ်းမိုးနိုင်စွမ်းရှိတယ်လို့ ဆိုထားပါတယ်။


အမျိုးသားတွေကလည်း ပျော်ရွှင်ကြပါတယ်


ဒီလေ့လာမှုကနေပဲ ကိုယ့်ထက်အသက်ပိုကြီးတဲ့ အမျိုးသမီးတွေနဲ့ တွဲနေသူ အမျိုးသားတွေဟာလည်း ပိုပျော်ရွှင်ကြကြောင်းဆိုထားပါတယ်။

သင့်အနေနဲ့ကော ဒီလေ့လာမှုကို လက်ခံရဲ့လား ပြောပြခဲ့ပါဦး။

Source: Brightside.me

By MyStyle Myanmar