သင်က အနက်ရောင်ဝတ်ဆင်ရတာ ကြိုက်နှစ်သက်သူဆိုရင် ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။ သုတေသနတွေအရ အနက်ရောင်ဝတ်ဆင်သူတွေဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုပိုရှိကြတယ်။ ပိုပြီးဆွဲဆောင်မှုရှိကြတယ်။ ဉာဏ်ကောင်းတယ်လို့ ဆိုထားပါတယ်။ အနက်ရောင်ဝတ်ရတာ သဘောကျသူတွေက ဘာကြောင့် ဆွဲဆောင်မှုပိုရှိတာလဲ ကြည့်လိုက်ရအောင်နော်-

၁။ အနက်ရောင်က ဉာဏ်ကောင်းတာနဲ့ ဆက်နွယ်မှုရှိတယ်


ဒီလေ့လာမှုမှာတော့ ပါဝင်သူတွေက လူတစ်ယောက်ကို အကျင်္ ီအရောင်ပြောင်းဝတ်ခိုင်းပြီး အမှတ်ပေးရပါတယ်။ ဒီလိုအမှတ်ပေးတဲ့နေရာမှာတော့ အနက်ရောင်က ဆွဲဆောင်မှုရှိတဲ့နေရာနဲ့ ဉာဏ်ကောင်းတဲ့နေရာတွေမှာ ရှေ့ဆုံးက ဦးဆောင်နေပါတယ်။ ပန်းရောင်ကတော့ Voting အနည်းဆုံးရခဲ့ပါတယ်။ အနက်ရောင်နဲ့အတူ အပြာရောင်၊ အဖြူရောင်နဲ့ အစိမ်းရောင်တို့ကလည်း ဉာဏ်ကောင်းခြငး်မှာ ဦးဆောင်နေခဲ့ပါတယ်။


၂။ အနက်ရောင်က First Impression အတွက် အရေးပါတယ်


အနက်ရောင်ကို ကိုယ့်အပေါ် လူတစ်ယောက်ရဲ့ အထင်အမြင် တက်စေချင်တယ်ဆိုရင် ဝတ်ဆင်ကြတယ်လို့ ဆိုထားပါတယ်။ လေ့လာမှုမှာတော့ အမျိုးသမီး ၆၆ ရာခိုင်နှုန်းဟာ အနက်ရောင်ဝတ်ထားတဲ့အမျိုးသားတွေကို ဆွဲဆောင်မှုရှိတယ်လို့ ထင်ပြီး အမျိုးသား ၄၈ ရာခိုင်နှုန်းက အနက်ရောင်ဝတ်တဲ့အမျိုးသမီးတွေကို သဘောကျကြပါတယ်။

၃။ အဝါရောင်နဲ့ လိမ္မော်ရောင်က ကိုယ့်ကိုကိုယ်ယုံကြည်မှုကို မတက်စေပါဘူး


တစ်ဘက်မှာတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုနဲ့ လုံးဝမသက်ဆိုင်တဲ့အရောင်တွေကတော့ အဝါ၊ လိမ္မော်၊ အစိမ်းနဲ့ အညိုရောင်တို့ဖြစ်ပါတယ်။ လိမ္မော်ကတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုနဲ့ ပတ်သက်ပြီး အမှတ်အနညး်ဆုံးပါ။ ပန်းရောင်ကတော့ ဉာဏ်ပညာနည်းပါးတယ်လို့ ဆိုထားပါတယ်။

၄။ အနက်ရောင်နဲ့ အနီရောင်က ဆွဲဆောင်မှုအရှိဆုံးအရောင်တွေပါ


သင့်အနေနဲ့ကော ဘယ်အရောင်ဝတ်ရင် ကိုယ့်ကိုကိုယ် ယုံကြည်မှုအရှိဆုံးလဲ ပြောခဲ့ပါနော်။

Source: Brightside.me

By MyStyle Myanmar