လူအများစုကို ကြောင်နဲ့ခွေးမှာ ဘယ်သူ့ကိုပိုချစ်လဲ မေးကြည့်လိုက်ရင် ခွေးလေးတွေကို ပိုချစ်တတ်တယ်လို့ဖြေတတ်ကြပါတယ်။ အကြောင်းပြချက်က ခွေးလေးတွေက သူတို့ကို ပိုကပ်လို့တဲ့။ သူတို့ စကားကို ပိုနားထောင်လို့တဲ့။ အမှန်တကယ်တော့ ဒီလိုမဟုတ်သေးပါဘူး။ ကြောင်လေးတွေက သူတို့သခင်ကို တကယ်ချစ်ပါတယ်။ သခင်တွေဟာ သူတို့ကို မွေးဖွားထားတဲ့ မိဘတွေလို့တောင် ထင်မှတ်ထားတဲ့ ချစ်စရာအကောင်လေးတွေပါ။ ဘာကြောင့်လဲဆိုတော့-

၁။ ကြောင်လေးတွေက အပေါင်းအသင်းမက်ပါတယ်


ကြောင်လေးတွေက လူတွေကို သူတို့ရဲ့ အပေါင်းအသင်းလို့ ထင်တတ်ကြပါတယ်။ ကျွမ်းကျင်ပညာရှင်အချို့က ကြောင်တွေဟာ သူတို့ရဲ့ သခင်ကို သူတို့လိုပဲ ကြောင်တွေလို့ ထင်တတ်သေးတယ်တဲ့။ သူတို့ထက် အရွယ်အစားကြီးပေမယ့် ကြောင်တွေလို့ပဲ သတ်မှတ်ထားတတ်ပါတယ်။ သင့်ကို သူတို့ရဲ့ မိသားစုဝင်အနေနဲ့ သတ်မှတ်တတ်ပါတယ်။

၂။ သင့်ကို ခင်မင်တယ်


ကြောင်လေးတွေက သူတို့ရဲ့ မိသားစုဝင်ဖြစ်တဲ့သင့်နားမှာ ကပ်နေတတ်ပါတယ်။ ကြောင်လေးတွေက သခင်ဖြစ်တဲ့သင့်ကို ဟိုးအရင်ကတည်းက သူတို့ကို စောင့်ရှောက်ခဲ့သူအဖြစ် ယုံကြည်တတ်ပါတယ်။

၃။ သင်မရှိရင် သူတို့ မပျော်ကြဘူး


စမ်းသပ်မှုတစ်ခုအရ..သင့်ကြောင်လေးကို အခန်းတစ်ခန်းထဲမှာ တစ်ကောင်ထဲ ၂ မိနစ်ထားခိုင်းပါတယ်။ ၂ မိနစ်အတွင်းမှာ ကြောင်လေးဟာ စိတ်ဖိစီးလာပြီး မလုံခြုံတဲ့စိတ်တွေဝင်လာပါတယ်။ ပြီးတာနဲ့ ပုန်းလို့ရတဲ့နေရာမှာ ဝင်ပုန်းပါတော့တယ်။ သူတို့ရဲ့ စိတ်ဖိစီးမှုဟာ သင်ပြန်လာတဲ့အချိန်မှ ပြန်လျော့ကျသွားတတ်ပါတယ်။

၄။ သူတို့ရဲ့ မှီခိုရာ က သင်ပါပဲ


ကြောင်တွေမှာ လုံခြုံမှုရှိလား အန္တရာယ်ရှိလား ခွဲခြားနိုင်တဲ့အာရုံရှိပါတယ်။ လေ့လာမှုအရ ကြောင်လေးတွေဟာ သူတို့သခင်အနားမှာ ရှိတဲ့အချိန်က အလုံခြုံဆုံးခံစားတတ်တယ်လို့ ဆိုထားပါတယ်။ ကလေးတွေ သူတို့မိခင်အနားမှာရှိချိန် အန္တရာယ်ကင်းတယ်လို့ ခံစားရသလိုပဲ ကြောင်လေးတွေလည်း အဲ့လိုပါပဲ။

၅။ သင့်ကို တကယ်ဂရုစိုက်ပါတယ်


သူတို့က တစ်ခါတလေ တစ်ကောင်တည်း မှို်င်နေတတ်ပေမယ့် သင့်ကို တကယ်ဂရုစိုက်တာပါ။ သင့်ကို ချစ်ကြောင်းအမူအရာအမျိုးမျိုးပြတတ်ပါတယ်။ ကြောင်လေးတွေက သူတို့ရဲ့ သခင်ကို ကြောင်မိဘတွေလို့ ယုံကြည်ထားကြသူတွေပါ။

Source: Brightside.me

By MyStyle Myanmar