အိမ်မှာ Chemical ကင်းပြီး သဘာဝဆန်တဲ့ DIY hair mask ကိုသုံးတဲ့အခါ စနစ်တကျနဲ့ သုံးနည်းအဆင့်ဆင့်ကို မှန်အောင် သုံးပေးမှသာ ကောင်းမွန်တဲ့ Result ကို ရမှာပါ။ ဒါဆို ကောင်းမွန်တဲ့ရလဒ်ကို ရစေဖို့ DIY Hair Mask ကို ဘယ်လိုသုံးရမလဲ ?

အဆင့် 1: မှန်ကန်တဲ့ mask ကိုရွေးပါ

သင့်ဆံပင်အမျိုးအစား ပြဿနာနဲ့ကိုက်ညီတဲ့ ပါဝင်ပစ္စည်းများပါတဲ့ Hair Mask ကို မှန်ကန်အောင်ရွေးချယ်ဖို့က အရေးကြီးချက်အချက်ပါ။

အဆင့် 2: လုပ်ပါ

Hair Mask သုံးတဲ့အခါ ဆံပင်က သန့်ရှင်းနေဖို့ အရေးကြီးပါတယ်။ ဒါကြောင့် Hair Mask မသုံးခင် အရင်ဆုံး ခေါင်းလျှော်ပြီးမှ ဆံပင်ကို မစိုမခြောက်အနေအထားထိရောက်အောင် သုတ်ပေးပါ။

အဆင့် 3: အပိုင်းခွဲပါ

Hair Mask သုံးတဲ့အခါ ဆံပင်အပေါ် ဒီအတိုင်းသုံးတာထက် ဆံပင်ကို အပိုင်းပိုင်းခွဲပြီး အလွှာလေးတွေအဖြစ် ယူပြီးသုံးတာက ပိုပြီးထိရောက်စေပါတယ်။

အဆင့် 4: Mask လိမ်းပါ

အစိတ်ကြဲတဲ့ဘီး သို့ သင့်လက်ကိုသုံးပြီး ဆံပင်အရင်းကနေ အဖျားထိ Hair Mask ကို သုတ်လိမ်းပေးပါ။ ပြီးရင် ဉီးရေပြားသွေးလည်ပတ်မှုအားကောင်းစေဖို့နဲ့ ဆံသားကို အာဟာရဖြည့်တင်းစေဖို့ လက်ချောင်းလေးများနဲ့ နှိပ်နှယ်ပေးပါ။

အဆင့် 5: ခနထားလိုက်ပါ

နှိပ်နှယ်ပြီးသွားရင်တော့ ဆံပင်ကို ခေါင်းသုတ်တဲ့ပုဝါ သို့မဟုတ် Shower Cap လေးနဲ့ မိနစ် ၃၀ လောက် အုပ်ပြီး ခနထားပေးပါ။

အဆင့် 6: သေချာစွာဆေးကြောပါ

နောက်ဆုံးအနေနဲ့ ရေနဲ့သေချာစွာ တစ်ခေါက်လျှော်ပေးပါ။ ခေါင်းလျှော်တဲ့အခါ လိမ်းထားတဲ့ Hair Mask တွေ မကျန်စေဖို့ ကြက်သီးနွေးရေသုံးပြီး Hair Mask များပြောင်စင်အောင် သေချာစွာလျှော်ပေးပါ။