ပုခုံးကျတဲ့သူတွေ၊ လက်ပြင်ကုန်းတဲ့သူတွေ၊ ခန္ဓာကိုယ် အနေအထားမမှန်တဲ့ သူတွေအတွက်  ကိုယ်ဟန်အနေအထား မှန်သွားစေမယ့် အရိုးရှင်းဆုံးလေ့ကျင့်ခန်းကို မျှဝေပေးလိုက်ပါတယ်။ အရမ်းလွယ်တဲ့ လေ့ကျင့်ခန်းတစ်မျိုးထဲဖြစ်လို့ Step အဆင့်ဆင့်နဲ့ ဖော်ပြပေးလိုက်ပါတယ်။

Step 1

အရင်ဆုံး မတ်တပ်ရပ်ပြီး ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို ယှက်လိုက်ပါ။ ဒီလိုလုပ်တဲ့အခါမှာ ဂုတ်မပုသွားအောင်လည်း ဂရုစိုက်ပြီး လုပ်ပေးပါ။

Step 2

ခုနက Step 1 ကိုလုပ်ပြီးရင် Step 2 အနေနဲ့ ပုံမှာပြထားတဲ့အတိုင်း လက်ကိုလိမ်လိုက်သလို ပုံစံမျိုး ဆက်လုပ်ရပါမယ်။

Step 3

Step 3 မှာတော့ ခုနက Step 2 အနေအထားကိုမှ ဒူးနည်းနည်းကွေးလိုက်ပါ။ သတိထားရမှာက Step တွေပြောင်းသွားတိုင်းမှာ လက်ကိုပြန်မချလိုက်ဖို့ပါပဲ။

Step 4

နောက်ဆုံးအဆင့်ဖြစ်တဲ့ Step 4 ကတော့ ခုနက Step 3 မှာ ဒူးကွေးထားတဲ့ အနေအထားနဲ့ ခြေထောက်နှစ်ချောင်းကို ပုံမှာလုပ်ပြထားသလို လိမ်လိုက်ရမှာပါ။

ပြီးရင် ဒီအနေအထားနဲ့ အသက်ကိုရှူသွင်းလိုက်၊ ရှူထုတ်လိုက် သေချာပုံမှန်လေး လုပ်ပေးပြီး အနည်းဆုံး စက္ကန့် ၃၀ မှ စက္ကန့် ၆၀ အထိ နေပေးပါ။

အချိန်ပြည့်သွားရင် ပုံမှန်အတိုင်းပြန်နေပါ။ ပြီးရင်တော့ အဲ့ Step 4 ခုအတိုင်း ထပ်လုပ်ပေးပါ။ အနည်းဆုံး ၅ ကြိမ်မှစပြီး ကိုယ်လုပ်နိုင်သလောက် လုပ်ပေးပါ။ နေ့တိုင်းလုပ်ပေးရင် ကိုယ်ဟန်အနေအထား မှန်လာပြီး သိသိသာသာ ပြောင်းလဲလာပါမယ်။ လက်ပြင်ကုန်းတဲ့သူဆိုလည်း မကုန်းတော့ပဲ မတ်သွားမယ်၊ ကိုယ်ဟန်အနေအထား မှန်လာပါမယ်။