လတ်တလော အင်စတာဂရမ်မှာ ရေပန်းစားကျော်ကြားနေတဲ့ Ellen Sheidlin လို့အမည်ရတဲ့ ရုရှားအနုပညာရှင်ဟာဆိုရင် သူ့ရဲ့ ပြောင်မြောက်တဲ့ လက်ရာတွေကို ဖန်တီးပုံဖော်ရာမှာ သမားရိုးကျ ပုံစံတွေ၊ လုပ်နည်းလုပ်ထုံးတွေအတိုင်း ဖန်တီးလေ့မရှိပါဘူး။ Trend တစ်ခုထဲကိုပဲ ပုံသေထားပြီးတော့ ကိုယ်ပိုင်းအရည်အချင်းတွေကို ကန့်သတ်မထားဘဲ အတွေးထဲမှာပေါ်လာတဲ့ စိတ်ကူးစိတ်သန်းတွေကို လက်တွေ့ပုံဖော်ပြီး ကမ္ဘာကြီးကို ချပြတတ် ပါတယ်။

အခုဆိုရင်တော့ သူ့ရဲ့ပြောင်မြောက်လှတဲ့ အနုပညာလက်ရာတွေကြောင့် အင်စတာဂရမ်မှာဆိုရင် Followers ပေါင်း ၅ သန်းနီးနီးရှိနေပြီဖြစ်ပြီး တဖြည်းဖြည်းနဲ့ တိုးလို့နေဆဲပါပဲ။ ဒါဆိုရင်တော့ သူ့ရဲ့လက်ရာတွေက ဘယ်လိုများ ထူးခြားဆန်းပြားလဲဆိုတာကို အခုပဲကြည့်လိုက်ရအောင်ပါ။

Source: BrightSide