တစ်ယောက်နဲ့တစ်ယောက် လက်တွဲတဲ့အခါမှာ ချစ်နေရုံနဲ့လည်း မပြီးသေးပါဘူး။ ချစ်ခြင်းတရားရဲ့အနောက်မှာ နားလည်မှုတွေ သစ္စာတရားတွေလည်းရှိဖို့လိုအပ်ပါတယ်။ ချစ်လို့ပဲ အရာအားလုံးရင်ဆိုင်ပြီး နှစ်ယောက်တစ်ဘဝဖြစ်လာတယ်ဆိုတော့ ရေရှည်မှာလည်း ပြဿနာတွေနည်းပြီး လက်တွဲသင့်ပါတယ်။

ပွင့်လင်းမှုရှိတာ 

နှစ်ယောက်ကြားမှာ သိုဝှက်တာတွေ၊ တစ်ယောက်ကိုတစ်ယောက် မတိုင်ပင်တာတွေများလာရင် တစ်ဖက်သူကတစ်ခြားသူဆီက ပြန်သိရတဲ့အခါမျိုးမှာ ရန်တွေဖြစ်ရ၊ နင်ငါ့ကိုတောင်မပြောပြဘူးဆိုပြီး ပြဿနာလေးတွေဖြစ်တတ်ပါတယ်။ ဒီလိုမျိုးတွေက တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်ဆိုရင် Relationship မှာအဖုအထစ်လေးတွေဖြစ်လာနိုင်ပါတယ်။ ချစ်သူရည်းစားတွေကြားမှာ စကားများများပြောပေးခြင်း၊ ပွင့်ပွင့်လင်းလင်းနေခြင်းကလည်း တစ်ယောက်နဲ့တစ်ယောက်ပိုပြီး နွေးထွေးစေပါတယ်။

ဖေးမမှုရှိတာ

ဖေးမတယ်ဆိုတာက တစ်ယောက်ပြဿနာဖြစ်နေတဲ့အချိန်၊ စိတ်အားငယ်တဲ့အချိန်မျိုးမှာ ဖေးမပေးတာမျိုးဖြစ်ပါတယ်။ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ အချိန်မျိုးမှာ အပြစ်တင်ဝေဖန်နေတာထက် စိတ်ခွန်အားပေးလိုက်တာက ပိုပြီးကောင်းပါတယ်။ သင့်ဆီမှာ အရမ်းဖေးမပြီး နားလည်ပေးတတ်တဲ့ချစ်သူပိုင်ဆိုင်ထားရင်တော့ ကံကောင်းတာပေါ့။

နားလည်မှုရှိတာ 

နားလည်မှုရှိဖို့ကလည်း ထင်သလောက်မလွယ်သလို နားလည်းပေးရတာကလည်းခက်ခဲလှပါတယ်။ လူတစ်နှစ်ယောက်ရဲ့ဘ၀ကလည်း ကြီးပြင်းလာရတဲ့ပုံစံလည်း မတူသလို ပတ်၀န်းကျင်အခြေအနခြင်းလည်းမတူတဲ့အတွက် ကိုယ့်စိတ်နဲ့ကိုက်အောင်နားလည်ပေးဖို့ကလည်း ခက်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အခြေအနေကိုနားလည်ပေးနိုင်အောင်လည်း ကြိုးစားသင့်ပါတယ်။

Photo Source – Free.pik

By MyStyle Myanmar