Jenna Martin က အမေရိကန်ပြည်ထောင်စု Montana ပြည်နယ်က ဓာတ်ပုံဆရာမတစ်ဦးပါ။ အပြင်မှာ ကြည့်လို့မလှတဲ့ နောက်ခံ Background တွေကို သူမရဲ့ ဓာတ်ပုံမှာ အခမ်းနားဆုံးဖြစ်အောင် ရိုက်ကူးဖို့ စိတ်ကူးရခဲ့ပြီး အဲဒီလိုနေရာတွေကို နောက်ခံထားပြီး ဓာတ်ပုံလှလှတွေ ရိုက်ကူးလေ့ ရှိပါတယ်။

ဓာတ်ပုံပညာဟာ အလှတရားကို ဖန်တီးတဲ့ အနုပညာတစ်ခုပါ။ ကိုယ်ဖန်တီးချင်တဲ့ အနုပညာတစ်ရပ်ကို ရုပ်လုံးကြွအောင် ဖန်တီးပြသနိုင်တဲ့သူတွေဟာ ဓာတ်ပုံဆရာတွေပါပဲ။

အဲ.. ဒါပေမယ့် ဓာတ်ပုံဆရာမကောင်းရင်လည်း သိပ်လှတဲ့သူတွေ၊ သိပ်လှတဲ့ Location တွေတောင် ရုပ်ပျက်ဆင်းပျက် ဖြစ်သွားမှာပါ။

ပျင်းရိစရာကောင်းတဲ့ နောက်ခံတွေကို ဓာတ်ပုံဆရာမ Jenna Martin က ဘယ်လိုဆွဲဆောင်မှုရှိအောင် ရိုက်ကူးထားသလဲဆိုတာ မျှဝေပေးလိုက်ပါတယ်။

၁။ ရိုးရိုးရှင်းရှင်း ပန်းချီရောင်စုံ နမူနာ ပြထားတဲ့ နောက်ခံနဲ့ ရိုက်ထားတာပါ။

၂။ ခေါင်မိုးပေါ်မှာ မီးတွေအများကြီးတပ်ထားတဲ့ နောက်ခံကို ဒီလို လှအောင် ရိုက်ကူးထားတာဖြစ်ပါတယ်။

၃။ Lighting လည်းမကောင်းသလို ပလတ်စတစ်တွေများတဲ့နေရာမှာ ဓာတ်ပုံကို အလှဆုံးဖြစ်အောင် ရိုက်ကူးထားတဲ့ လက်ရာဖြစ်ပါတယ်။

၄။ မသိရင် နောက်မှာ အပင်တွေအများကြီးရှိသလိုပါပဲ။ ဓာတ်ပုံပညာဆိုတာ တကယ့်အလှတရားကို ရှာဖွေခြင်းပါပဲနော်။