ရင်သပ်ရှုမောဖွယ် ပုံတစ်ပုံကို ရဖို့ ဓာတ်ပုံဆရာတစ်ယောက်မှာ ကင်မရာကောင်းကောင်းတစ်လုံး၊ နေရာလှလှနဲ့ ရှုထောင့်ကောင်းကောင်း၊ အလင်းကောင်းကောင်း လိုအပ်ပါတယ်။ ဒါပေမဲ့ နိုင်ဂျီးယားက ဓာတ်ပုံပညာရှင် Ibor Edosa Victor ကတော့ ဓာတ်ပုံကောင်းတစ်ပုံရဖို့ ပတ်ဝန်းကျင်မလှလည်း ရတယ်ဆိုတာကို သက်သေပြထားပါတယ်။ အမြင်ရှိဖို့နဲ့ ကိုယ့်ဘေးပတ်ဝန်းကျင်က အရာတွေရဲ့ ကောင်းကွက်ကို ရှာတတ်ဖို့ လိုအပ်ကြောင်း Ibor ရဲ့ ပုံတွေက ပြောပြနေပါတယ်။

အမာပရိတ်သတ်အခိုင်အမာရရှိထားပြီဖြစ်တဲ့ Ibor ရဲ့ ပြည့်စုံတဲ့ Setting နဲ့ အမိုက်စားဓာတ်ပုံတွေက မယုံနိုင်စရာပါပဲ။ Ibor က သူရိုက်ရတဲ့ ပတ်ဝန်းကျင်နဲ့ ရလာတဲ့ ပုံကို အမှန်အတိုင်း ချပြထားတာမို့ သူ့ပရိတ်သတ်တွေ နှစ်သက်သလို သင်လည်း နှစ်သက်မှာ မလွဲပါပဲ။

Ibor အတွက် ဓာတ်ပုံဝါသနာက မမျှော်လင့်ဘဲ ပေါ်လာတာပါတဲ့။


အပျင်းပြေလုပ်ကြည့်ရာက ဝါသနာပါမှန်း သိလာတာလို့ ဓာတ်ပုံဆရာ Ibor က ဝန်ခံထားပါသေးတယ်။ ဒါပေမဲ့ ဒီပညာက သူ့ရဲ့ တစ်ဘဝလုံးစာ ဖြစ်သွားခဲ့ပါတယ်။ ဘဝမှာ ကြုံရသမျှ အကောင်းအဆိုးတိုင်းက Ibor အတွက် ဓာတ်ပုံရိုက်ဖို့ စိတ်ကူးယူစရာ အရာတွေဖြစ်လာပါတယ်။

ရှုခင်းတွေ စဉ်းစားရတာက သူ့အတွက် ခေါင်းစားစရာ အလုပ်တစ်ခု ဖြစ်ပါတယ်။


သူက ဓာတ်ပုံရိုက်လို့ လုံးဝအဆင်မပြေတဲ့ နေရာတွေမှာလည်း ရိုက်တတ်ပါသေးတယ်။ Behind the Scenes ပုံတွေက အမြင်မလှပေမယ့် Ibor သာ တကယ့်ရိုက်တဲ့နေရာကို မပြထားရင် သင်ဘယ်လိုမှ မှန်းလို့ရမှာ မဟုတ်ပါဘူး။

စဉ်းစားရတာ ရှုပ်လှပေမယ့် ရလာတဲ့ ဓာတ်ပုံကတော့ အမောပြေလှပါတယ်။

သူက သာမန်အရာတွေကို မှော်ပညာတွေနဲ့ အသက်ဝင်အောင် လုပ်လိုက်သလိုပါပဲ။ ကမ္ဘာမှာရှိတဲ့ နေရာတိုင်းက သူဟာနဲ့သူ လှတယ်ဆိုတာကို Ibor က သက်သေပြထားပါတယ်။ သင်က အခုဖော်ပြထားတဲ့ ပုံတွေထဲမှာ ဘယ်ပုံကို အကြိုက်ဆုံးလဲ ပြောပြခဲ့ပါဦး။

Source: Brightside.me