လူတွေဟာ ကိုယ့်ရဲ့ပန်းတိုင်ကို စိန်ခေါ်မှုတွေကြားကနေ တည်ဆောက်ကြရလေ့ရှိပါတယ်။ တစ်ခါတစ်ရံ အဆုံးသတ်တွင် အရှုံးနှင့် ရင်ဆိုင်ရတဲ့အခါတိုင်း ငါ အဆင်သင့်မဖြစ်သေးဘူး ၊ နောက်တစ်ပတ် ၊ နောက်တစ်လ၊ နှောက်နှစ်မှ လုပ်တော့မယ် စသဖြင့်ပြောလေ့ရှိပါတယ်။ အစပိုင်းတွင် စိတ်အားထက်သန်စွာ လေ့လာလိုက်စားကောင်း လိုက်စားပါလိမ့်မယ် သို့သော် တစ်ကြိမ်တစ်ခါမျှ ကြိုးပမ်းအားထုတ် လိုက်သည်နှင့် တာဝန်ကျေပြီလို့ မှတ်ယူတတ်ကြပါတယ်။

Photo : Shutterstock

Kaizen ခေါ် (၁) မိနစ် စည်းမျဉ်း

ဂျပန်နိုင်ငံရဲ့ ရိုးရာဓလေ့တွင် မိမိကိုယ် မိမိတိုးတက်ဖို့အတွက် Kaizen ခေါ်  (၁) မိနစ် စည်းမျဉ်းကို လိုက်နာကျင့်သုံးလေ့ရှိပါတယ်။ ဒီနည်းလမ်းကတော့ လူတစ်ယောက်ဟာ တစ်စုံတစ်ခုကို တစ်မိနစ်ခန့် နေ့တိုင်း တူညီတဲ့အချိန်မှာ လုပ်ရတာပါ။ ဒီနည်းလမ်းကတော့ လူတိုင်းနီးပါး ကျင့်သုံးနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အချိန် တစ်မိနစ်ပဲ ပေးရတာပါ။

လေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ် စာအုပ်တစ်အုပ်ကောက်ဖတ်လိုက်တာဖြစ်ဖြစ် ဘာသာစကားအသစ်တခုခု သင်ယူတာဖြစ်ဖြစ် တစ်မိနစ်ခန့် နေ့စဉ်မပျက် တူညီတဲ့ အချိန်မှာ လုပ်ပေးပါ။ စာအုပ်ဖက်တာတွေ ဘာသာစကားအသစ်တခုသင်ယူတာတွေက သင့်အတွက် ပျော်ရွှင်စရာ မကောင်းခဲ့ပေမယ့် နောက်ပိုင်းကြာလာတာနဲ့အမျှ ဒီလိုလုပ်ခြင်းရဲ့ အကျိုးကျေးဇူးကို နားလည်လာတဲ့အခါမှာ သင်ပျော်ရွှင်လာပါလိမ့်မယ်။ အချိန်ကြာလာတာနဲ့ အမျှပျင်းရိစိတ်ကို နိုင်နင်းလာပါလိမ့်မယ်။ အရေးကြီးဆုံးကတော့ ဘာပဲလုပ်လုပ် အချိန်တစ်မိနစ်ပေးပါ။

နေ့စဉ်မပျက်လုပ်ပါ။ နေ့စဉ်တူညီတဲ့ အချိန်မှာ လေ့ကျင့်ပါ။ ဆိုလိုတာကတော့ ဒီနေ့ မနက် (၉) နာရီမှာ လေ့ကျင့်ပြီး နောက်နေ့ (၁၀) နာရီမှာ လေ့ကျင်လို့ မရပါဘူး။ နေ့စဉ် အချိန်တခုသတ်မှတ်ပါ။ နောက်ပိုင်း ဒီနည်းလမ်းရဲ့ အကျိုးကျေးဇူးကိုသိလာတဲ့အခါမှာ အချိန်ကို (၁) မိနစ်ကနေ (၅) မိနစ် ပြီးရင် (၁) နာရီ (၂) နာရီ စသဖြင့် တိုးတိုးပြီး ကျင့်သုံးသွားလို့ရပါတယ်။

Photo : Shutterstock

Kaizen နည်းလမ်းကို ဂျပန်နိုင်ငံမှာ စတင်ကျင့်သုံးခဲ့ပြီး စကားလုံးရဲ့အဓိပ္ပာယ်ကတော့ Kai – ပြောင်းလဲခြင်း နှင့် Zen – ရှူ့မြင်တွေးခေါ်မှုဟု အဓိပ္ပါယ်ရပါတယ်။ ဒီနည်းလမ်းကို Masaaki Imai ဆိုတဲ့ ဂျပန်လူမျိုးက တီထွင်ခဲ့တာပါ။ Kaizen နည်းလမ်းဟာ လူတိုင်းနီးပါး ကျင့်သုံးနိုင်တဲ့ အကျိုးရှိတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာဆိုရင် စီမံခန့်ခွဲမှု တိုးတက်ဖို့အတွက် ဒီနည်းလမ်းကို မကြာခဏ အသုံးပြုလေ့ရှိပါတယ်။