မွှေးရနံ့က ကိုယ်ပါဆိုပြီး သင်္ကေတတစ်ခုအနေနဲ့ ကိုယ်စားပြုနိုင်ပါတယ်။ အနံ့လေး ရလိုက်တာနဲ့ အခန်းထဲ သူရှိနေပြီ၊ သူလာပြီစတဲ့ အမှတ်ရမှုလေးတွေကို လူတိုင်းလိုချင်ကြပါတယ်။ ကိုယ်ကြိုက်တဲ့ ရေမွှေးနံ့ကို ရှာဖွေရတာက ငွေကုန်ကြေးကျ များပြီး အချိန်ပေးရတဲ့ အရာ တစ်ခုပါ။ Online က ဝယ်ရင် ပိုဆိုးပါတယ်။ ဒီတစ်ခေါက်ပြောပြမှာကတော့ ဆိုင်မှာ သွားဝယ်မယ့် သူတွေကို အထူးရည်ညွှန်းပါတယ်။ ဒီတော့ ကိုယ်အကြိုက်ဆုံး ရေမွှေးနံ့ကို ရနိုင်ဖို့ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေကို ကြည့်လိုက်ရအောင်နော်-

၁။ တစ်ခါစမ်းရင် သုံးမျိုးအများဆုံး စမ်းပါ

ရေမွှေးဆိုင်ကို ရောက်တာနဲ့ ရှိသမျှ အနံ့တွေကို လိုက်စမ်းတာမျိုး မလုပ်သင့်ပါဘူး။ အများဆုံး သုံးမျိုးလောက်ပဲ အနံ့ စမ်းကြည့်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အနံ့ တစ်မျိုးစီက အလုပ်လုပ်ဖို့ကို အချိန်ပေးရလို့ပါ။

Photo Source: Pure Wow

၂။ အနံ့ ပျော့ပျော့လေးတွေကနေ စစမ်းပါ

သင်ကြိုက်တဲ့ ရနံ့ကို ရှာတွေ့ဖို့ အဆင့်ဆင့် စမ်းသွားသင့်ပါတယ်။ အနံ့ အမျိုးအစားတွေက Musk, Floral, Woody အမျိုးမျိုးရှိပါတယ်။ အနံ့ပျော့တာလေးကနေ စပြီး အနံ့ဆူးတဲ့အဆင့်ကို တဖြည်းဖြည်းချင်း စမ်းသင့်ပါတယ်။

၃။ အချိန်ပေးပါ

ရေမွှေးဆွတ်ပြီးတာနဲ့ ချက်ချင်း အနံ့ကို အကဲဖြတ်တာမျိုး မလုပ်ဘဲ အနည်းဆုံး မိနစ် နှစ်ဆယ်လောက် အချိန်ပေးပြီး စမ်းသပ်သင့်ပါတယ်။ သင်က အနံ့ တစ်ခုကို အစမှာ မကြိုက်ဘဲနဲ့ တဖြည်းဖြည်း သဘောကျသွားတာမျိုး ရှိတတ်ပါတယ်။

Photo Source: Allure

၄။ လူကြိုက်များတိုင်း သင်မကြိုက်နိုင်ပါဘူး

လူတိုင်းက ဒီအနံ့ကို အရမ်းမွှေးတယ်ပြောနေပေမယ့် သင်စမ်းကြည့်လိုက်တဲ့အခါ ဘယ်လိုမှ မခံစားနိုင်တဲ့ အနံ့တွေ ရှိပါတယ်။ ဒီအတွက် ကိုယ့်ကိုကိုယ် အပြစ်တင်စရာမလိုပါဘူး။ ရေမွှေးနံ့က သူများ မွှေးတယ်ဆိုတိုင်း လိုက်ဝယ်တာမဟုတ်ဘဲ ကိုယ်နဲ့ ဆွတ်လိုက်တဲ့အခါ ခေါင်းမူးတဲ့ အနံ့မျိုးလား၊ ကိုယ်ကြိုက်တဲ့ အနံ့မျိုးလား ကိုယ့်ကိုကိုယ် မေးကြည့်သင့်ပါတယ်။

၅။ ကိုယ်ရှူတာ ဘာအနံ့လဲ သိပါစေ

ပန်းနံ့လား၊ အသီးနံ့လား၊ အနံ့ချိုချိုလေးလား စသဖြင့် ဘယ်အနံ့ကို ကိုယ်ရလဲ စဉ်းစားသင့်ပါတယ်။ ဒီလို အနံ့ကို အမြဲအကဲဖြတ်နေတဲ့အခါ ကိုယ်ကြိုက်တဲ့ အနံ့အမျိုးအစားကို သိလာနိုင်ပါတယ်။

Photo Source: Science-HowStuffWorks

၆။ ဈေးသင့်တာ ဝယ်မလား၊ ဈေးကြီးတာ ဝယ်မလား

ရေမွှေးတွေက အနံ့ ဆွဲလေ ဈေးကြီးလေပါပဲ။ ဈေးသက်သာတဲ့ ရေမွှေးအများစုက ရှုစမှာ အနံ့ပြင်းပေမယ့် ခဏလေးနဲ့ အနံ့ ပျောက်သွားတတ်ပါတယ်။ ဈေးအသင့်အတင့် ကြီးတဲ့ အနံ့တွေကတော့ အချိန်ကြာကြာ ခံပါတယ်။ ဒီတော့ သင်တတ်နိုင်တဲ့ ငွေကြေးက ဘယ်လောက်ရှိလဲ ချိန်ထိုးသင့်ပါတယ်။

Photo Source: Healthline

၇။ ဆံပင်မှာ ဖြန်းကြည့်ပါ

ဒါကိုတော့ ဆံပင်ကျွမ်းကျင်သူတွေက Recommend ပေးမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သင့်ဆံပင်က ရေမွှေးအတွက် အသိုက်တစ်ခုလို နေရာပေးပြီး အနံ့ပိုဆွဲပါစေပါတယ်။ ဒါကြောင့် သင်ကြိုက်တယ်လို့ ယူဆရတဲ့ ရေမွှေးကို ဆံပင်မှာ ဖြန်းကြည့်ပြီး ဒီအနံ့ကို သင်ကြိုက်ရဲ့လား ဝေဖန်ဆန်းစစ်နိုင်ပါတယ်။

By MyStyle Myanmar