မိသားစုမှာ အလတ်တွေဟာ တကယ်ပဲ အမေ့လျော့ခံလား။ ဒီနေ့မှာတော့ အလတ်အဖြစ် မွေးလာသူတို့အတွက် ရည်ရွယ်ပြီး သူတို့ပဲ သိနိုင်မယ့် အချက်တစ်ချို့အကြောင်း ပြောပြပေးချင်ပါတယ်။

(၁) စိတ်ပိုမာတယ်

အလတ်ဆိုတဲ့ သားသမီးတွေဟာ တကယ်တော့ အလပ်လို့ ပြောရမယ်ထင်ပါတယ်။ အကြီးဆုံးကျတော့လည်း သားဦး သမီးဦးမို့ အဖေအမေနဲ့ အဘိုးအဘွားတွေရဲ့ ဂရုစိုက်မှုခံရပြီး အငယ်ဆုံးသားသမီးကျတော့လည်း အထွေးလေးမို့ ချစ်ကြနဲ့ အလတ်တွေကတော့ ဘယ်သူ့ကိုမှသွားပြီး နွဲ့ဆိုးဆိုးလို့မရတော့ ကိုယ့်ကိုယ်ကို ပိုအားကိုးဖြစ်ပါတယ်။ ဒါကြောင့်ပဲ တစ်ခုခုဆို ဝမ်းနည်းဝမ်းသာ မလွယ်တော့ဘဲ လောကဓံကို ပိုပြီး ရင်ဆိုင်ရဲလာပါတယ်။

(၂) သစ္စာရှိကြတယ်

၂၀၀၃ ခုနှစ်က လုပ်ခဲ့တဲ့ အချစ်ရေးနဲ့မွေးဖွားမှု အသက်အရွယ်အကြား ဆက်စပ်ချက်အကြောင်းလေ့လာမှုမှာ သုတေသီ ကက်သရင်း ဆယ်လ်မွန်မှ သားသမီးထဲက အလတ်တွေရဲ့ ၈၀% ဟာ သူတို့ရဲ့ ချစ်သူတွေကို သစ္စာမဖောက်ဖို့ ၈၀% ခန့်နီးစပ်ပြီး အကြီးဆုံးနဲ့အငယ်ဆုံး သားသမီးတွေဟာ သူတို့ချစ်သူတွေကို သစ္စာမဖောက်ဖို့ ၆၅% နဲ့ ၅၃% ပဲ ယုံရတယ်လို့ဆိုပါတယ်။

(၃) ထူးချွန်သူတွေအများစုဟာ အလတ်တွေဖြစ်တယ်

ကာတင်ရှူးမင်းရဲ့ လေ့လာမှူအရ အမေရိကန်သမ္မတတွေရဲ့ ၅၂% ဟာ မိသားစုထဲမှာ အလတ်ဖြစ်တယ်လို့ဆိုပါတယ်။ ဒီထဲမှာ နာမည်ကျော် သမ္မတကြီးတွေဖြစ်တဲ့ အေဗရာဟင်လင်ကွန်း ၊ သီယိုဒို ရုစ်ဘဲ့လ်နဲ့ဂျွန်အက်ဖ်ကနေဒီတို့လည်း ပါနေပါတယ်။ ဒါကြောင့် အလတ်တွေကို လျှော့တွက်လို့မရပါဘူး။

(၄) မျှတွေးတတ်တဲ့သဘော ရှိတယ်

အလတ်တွေဟာ သူတို့ဘဝအစကတည်းက တစ်ခြားသူတွေကို အများကြီးမျှပေးခဲ့ရတဲ့ ဘဝနဲ့စတင်ခဲ့တာပါ။ အလတ်သားသမီးတွေဟာ အကြီးနဲ့အငယ်အကြား ဟန်ချက်ညီအောင် နေလာခဲ့သူတွေ ဖြစ်ပြီးပိုပြီး သည်းခံတတ်သလို လူတွေနဲ့တည့်အောင်လည်း နေတတ်ပါတယ်။ မိသားစုဝင်ချင်း ရန်ဖြစ်တဲ့အထဲမှာ အလတ်တွေကို သိပ်တွေ့ရမှာ မဟုတ်ပါဘူး။

(၅) အပယ်ခံဘဝကို နားလည်တယ်

သူတို့ကိုယ်တိုင်ကလည်း အလတ်ဆိုတဲ့အတိုင်း ကွက်လပ်တစ်ခုလို နေထိုင်ခဲ့ရပြီး အမေ့လျော့ခံ မိသားစုဝင်ဖြစ်လေတော့ ဥပေက္ခာဆိုတဲ့ သဘောတရားကို ပိုခံစားနားလည်ကြပါတယ်။ တစ်ခုခုဆို ခဏခဏ အထင်မှားခံ အဆူပူခံရတဲ့ နေရာကနေ ကြီးပြင်းလာတာကြောင့် လူ့လောကကို ပိုပြီး သတိပါတဲ့ ချဉ်းကပ်မှုနဲ့ ကြည့်တတ်ပါတယ်။ တစ်ဖက်မှာလည်း အပယ်ခံဘဝမှာ ဟန်ချက်မညီရင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဖြစ်ဖို့ ပိုများပါတယ်။

အလတ်တွေဟာ သူတို့လက်ခံချင်သည်ဖြစ်စေ လက်မခံချင်သည်ဖြစ်စေ လူ့အများ မျက်စိမှောက်ခံထားရတဲ့ ဒီနေရာကို ရောက်လာတာ ဖြစ်ပါတယ်။ ဒီနေရာဟာ ပျော်စရာတော့ မဟုတ်ပါဘူး။ သူတို့ဟာ အချစ်မခံရတဲ့ ဘဝကနေ လာရတယ်ဆိုပြီး မိသားစုဝင်တွေနဲ့ ဆွေမျိုးအသိုင်းအဝိုင်းဟာ မေတ္တာမျှပြီး စောင့်ရှောက်ပေးသင့်ပါတယ်။