အားလုံးပဲမင်္ဂလာပါနော်။ အချိန်ပြည့်ထိုင်နေတာဟာ သင့်ကျန်းမာရေးအတွက်မကောင်းပါဘူး။ တစ်နေ့ကို ၈ နာရီကနေ ၈ နာရီအထိ ထိုင်နေမယ်ဆိုရင်တော့ သင့်ကျန်းမာရေးအတွက် ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် အညောင်းလည်းမမိအောင် လှလည်းပိုလှသွားအောင် ရုံးမှာထိုင်နေရင်း လုပ်ပေးလို့ရတဲ့ လေ့ကျင့်ခန်းလေးတွေကို မျှဝေပေးချင်ပါတယ်။

၁။ ဒူးခေါင်းကို မတင်ပြီးရင်ဘတ်နဲ့ကပ်ပေးမယ်

ခုံကို နောက်မီထိုက်ပေးလိုက်ပါ။ အခုပုံမှာပြထားသလို ဒူးခေါင်းကို မပြီး ရင်ဘတ်နားမှာ ကပ်ပေးလိုက်ပါ။ ဒါက သင့်ရဲ့ ခြေထောက်ညောင်းနေတာကိုလည်းပြေစေပါတယ်။  တစ်ဖက်ကို အကြိမ် ၂၀ လောက်လုပ်ပေးပါ။

၂။ ခြေထောက်နှစ်ဖက်လုံးကိုမတင်မယ်

အခုပုံမှာပြထားသလို မတ်မတ်ထိုင် လက်နှစ်ဖက်ကို ခုံနဲ့ ထိထားပေးပြီး ခြေထောက်နှစ်ဖက်လုံးကို မတင်လိုက်ပါ။ ပြီးရင်ခဏထားပြီးပြန်ချပါ။ အကြိမ် ၂၀ လောက်လုပ်ပါ။

၃။ ဒူးနှစ်ဖက်လည်းမတင်မယ် ခါးကိုလည်း အနောက်ဖက်လှည့်ပေးမယ်

အခုပုံမှာပြထားသလို ဒူးနှစ်ဖက်ကိုလည်း မတင်လိုက်ပြီး ခန္ဓာကိုယ်ကို အနောက်ဖက်လှည့်လိုက်ပါ။ ခါးလေးကို နည်းနည်းလေးစောင်းပြီးလှည့်ပေးလိုက်ရင်ရပါတယ်။ နောက်တစ်ဖက်ကို ပြန်ပြောင်းပါ။ တစ်ဖက်ကို အကြိမ် ၂၀ လောက်လုပ်ပေးပ။

၄။ ဝမ်းဗိုက်လည်းချပ်စေဖို့

အခုပုံမှာပြထားသလိုမျိုး ညာဖက်လက်နဲ့ ဘယ်ဖက်ခြေထောက်၊ ဘယ်ဖက်လက်နဲ့ ညာဖက်ခြေထောက်ကို ထိပေးပြီး လေ့ကျင့်ခန်းလုပ်ပေးရမှာဖြစ်ပါတယ်။ အကြိမ် ၂၀ လောက်လုပ်ပေးပါ။

၅။ ခန္ဓာကိုယ်ကို ကြွပေးမယ်

အခုပုံမှပြထားသလို ခုံလက်ကိုင်ကို လက်နှစ်ဖက်နဲ့ သေချာထောက်ထားပြီး ခန္ဓာကိုယ်ကို အပေါ်ကြွပေးလိုက်ပါ။ ခဏလောက်နေပေးပါ။ ပြီးရင်ပြန်နားပြီး ၄ ကြိမ်လုပ်ပါ။

၆။ ဒူးခေါင်းနဲ့ တဒေါင်

အခုပုံမှာပြထားသလို ဘယ်ဖက်ဒူးခေါင်းနဲ့ ညာဖက်တဒေါင်၊ ညာဖက်ဒူးခေါင်းနဲ့ ဘယ်ဖက်တဒေါင်ကိုထိအောင် လေ့ကျင့်ခန်းလုပ်ပေးရမှာဖြစ်ပါတယ်။ တစ်ဖက်ကို ၁၀ ကြိမ်လုပ်ပေးပါ။

ဒီလေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ အထိုင်များတဲ့အလုပ်လုပ်ပေမယ့်လည်း အညောင်းမမိဘဲ ကျန်းမာတဲ့ လူတစ်ယောက် ဖြစ်လာစေမှာပါ။

Source: www.trendcrown.com

By: MyStyle Myanmar