မင်္ဂလာပါ ပျိုမေတို့ရေ… နေ့စဉ်နေ့တိုင်းရုံးသွား ကျောင်းသွားနဲ့ တစ်နေကုန်လှုပ်ရှားရုန်းကန်နေရတော့ မျက်နှာလေးကလည်း လှပနေဖို့လိုတာပေါ့။ မနက်ပိုင်းမှာထဲက မိတ်ကပ်တွေပြင်ဆင်သွားပြီး နေ့ခင်းပိုင်းလောက်ဆိုရင် မိတ်ကပ်တွေကကြာရှည်မခံတော့ပဲ မလှမပဖြစ်နေတာမျိုးတွေက မိန်းကလေးတိုင်းအတွက် စိတ်အနှောက်အယှက်ဖြစ်စရာတစ်ခုပါပဲ။

ဒါကြောင့် မိတ်ကပ်သားကိုကြာရှည်ခံစေဖို့ လိုက်နာသင့်တဲ့ လျှို့ဝှက်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

Skin Care လုပ်ပေးဖို့လိုအပ်ပါတယ်

Photo Source: New Scientist

မျက်နှာအသားအရေကောင်းမွန်နေဖို့ Skin Care အဆင့်တွေက လိုကိုလိုအပ်တဲ့အရာလို့ဆိုလို့ရပါတယ်။ အသားအရေကို ကောင်းမွန်နေစေဖို့အတွက်ပဲ မဟုတ်ပဲ မိတ်ကပ်သားကိုကြာရှည်ခံစေမယ့်နေရာမှာလည်း အထောက်အကူပြုနေတာကို တွေ့ရမှာပဲဖြစ်ပါတယ်။

Skin Care ကိုပုံမှန်လုပ်ပေးနေတဲ့အခါမှာ မျက်နှာအသားအရေမှာ အဆီပြန်လွန်းတာတွေလျော့နည်းသွားစေတာကြောင့် မိတ်ကပ်လိမ်းတဲ့အခါမှာလည်း အရင်ကထက်ပိုပြီးတော့ ကောင်းမွန်လာတာကိုတွေ့ရမှာပါ။

Primer သုံးပေးဖို့မမေ့ပါနဲ့

Photo Source: Skincare.com

မျက်နှာအသားအရေကောင်းမွန်ဖို့အတွက် ပိုက်ဆံနည်းနည်းထပ်သုံးရတာကို တွန့်တိုမနေဖို့ပြောချင်ပါတယ်။ မိတ်ကပ်မလိမ်းခင်အချိန်မှာ Water Resistant ပါဝင်နေတဲ့ Primer ကိုသုံးပေးမယ်ဆိုရင် မိတ်ကပ်သားကိုကြာရှည်ခံစေပြီး အချိန်ကြာလို့မိတ်ကပ်ကွက်တာမျိုးတွေကိုလည်း မဖြစ်စေတော့ပါဘူး။ အသားအရေကိုလည်း ကြည်လင်စေပြီးအဆီပြန်တာတွေကိုလည်း ထိန်းချုပ်ပေးထားနိုင်မှာပဲဖြစ်ပါတယ်။

Foundation ရွေးချယ်တဲ့အခါမှာ

Photo Source: Skincare.com

ဈေးကွက်ထဲမှာရှိနေတဲ့ Foundation တိုင်းကတော့ အသားအရေမျိုးစုံအတွက် ထုတ်လုပ်ထားတာဖြစ်တဲ့ အတွက်ကြောင့် ကိုယ့်အသားအရေနဲ့လိုက်ဖက်တဲ့ Foundation မျိုးကိုရွေးချယ်တတ်ဖို့က အရေးကြီးပါတယ်။ အသားအရေကအဆီပြန်တတ်တဲ့ဆိုရင် Oily Base ဖြစ်တဲ့ Foundation မျိုးကိုမရွေးချယ်တာ အကောင်းဆုံးပဲပေါ့။ Long Lasting ဖြစ်စေတဲ့ Foundation မျိုးကိုရွေးချယ်တာက ပိုပြီးတော့သင့်တော်ပါတယ်။

Makeup Powder လိမ်းပေးပါ

Photo Source: Stylecaster

Foundation လိမ်းပြီးသွားရုံနဲ့ ပြီးသွားပြီလို့ သတ်မှတ်လိုက်လို့မရသေးပါဘူး။ Makeup Powder လေးကိုလည်း ညီညီညာညာလိမ်းပေးထားမှ မျက်နှာအဆီပြန်တာတွေ ကင်းဝေးပြီး မိတ်ကပ်သားကိုလည်း ညက်ညက်လေးနဲ့ တစ်နေကုန်ကြာရှာခံစေမှာပဲဖြစ်ပါတယ်။