အရပ်ရှည်ရှည် အမျိုးသမီးတွေ အမျိုးသားတွေရော ရှိတ်လိုက်တော့နော်။

စာဖတ်သူတွေထဲမှာ အရပ်ရှည်ရှည် ဒူးရှည်ရှည်အမျိုးသမီးတွေ အမျိုးသားတွေရှိကြမယ်ထင်ပါတယ်။ အရပ်ရှည်တဲ့အမျိုးသမီးတွေ ကြုံတွေ့ရတဲ့ အခက်ခဲတချို့ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ စာဖတ်သူတို့လည်း ကိုယ့်ရဲ့အတွေ့အကြုံလေးတွေကို ရေးလိုက်ဦးနော်။

ကိုယ်နဲ့တော်တဲ့ ဂျင်းဘောင်းဘီတွေအသင့်ချုပ်ဘောင်းဘီတွေရှာမရဘူး။

အရပ်ကရှည်တော့ ဆိုင်မှာ ဘောင်းဘီလိုက်ရှာတဲ့အခါ အခက်အခဲဖြစ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ်နဲ့တော်တဲ့ တော်ရင်တောင်မှ ကိုယ့်အရပ်နဲ့ ကိုက်ညီတဲ့ဘောင်းဘီရှည်ကခပ်ရှားရှားဆိုတော့ ထဘီပဲ ချုပ်ဝတ်လိုက်ရတာမျိုး ကြုံဖူးကြမှာပါ။ ထဘီဝတ်မယ်ဆိုရင်လည်း အရှည်မညီလို့ အစထပ်ဖြည့်ချုပ်ရတာ အရပ်ရှည်တဲ့သူအချင်းချင်းပဲ သိတယ်နော်။

စကတ်အတိုတွေဆို ကိုယ်နဲ့ ပိုတိုနေတယ်။

သူများတွေ စကတ်အတိုလေးဝတ်တာလှလို့ ကိုယ်လည်းဝတ်ချင်လို့ ဝယ်လိုက်ရင် ကိုယ်နဲ့က ပိုတိုနေတတ်တယ် ဟုတ်လားရှင့်။

အရပ်နဲ့မလွတ်တာချည်းပဲ။

Showerhead နဲ့ ရေချိုးရင်ပဲဖြစ်ဖြစ် ကိုယ့်ရဲ့အရပ်နဲ့ ဘယ်လိုမှ ချိုးလို့အဆင်မပြေတာမျိုး ကြုံဖူးလား။ ဒါမှမဟုတ် တချို့တခါးက နှိမ့်တော့ အရပ်နဲ့မလွတ်လို့ ထလိုက်ရင် ခေါင်းထိမိတာမျိုးပေါ့။

ဆိုင်သေးသေး ခုံသေးသေးမှာထိုင်ရင်။

လက်ဖက်ရည်ဆိုင်သေးသေး၊ ခုံသေးသေးမှာ ထိုင်တဲ့အခါ ဒူးကရှည်နေလို့ ထိုင်ရတာ ဘယ်လိုမှအဆင်မပြေတာမျိုး ကြုံဖူးကြတယ်မလား။

ချစ်သူထားရင် ဒေါက်ဖိနပ်စီးလို့မရတော့ဘူး။

ချစ်သူက အရပ်အရမ်းပုတာမျိုးမဟုတ်ပေမယ့် ကိုယ်ဒေါက်ဖိနပ်စီးလိုက်ရင် သူက ကိုယ့်ထက်ပုသလို ထင်ရမှာစိုးလို့ ကိုယ်ကြိုက်တဲ့ ဒေါက်ဖိနပ်လေးတွေ မစီးရတော့ဘူး။ ဖြစ်ဖူးလားရှင့်။

လေ့လာတွေ့ရှိမှုအရ အရပ်မြင့်တဲ့ မိန်းကလေးတွေဟာ အရပ်နိမ့်တဲ့ ယောင်္ကျားလေးတွေနဲ့ချစ်သူ ဖြစ်ကြတယ်တဲ့။

လေယာဉ်စီးရင် (သို့) ဘတ်စ်ကားစီးရင် ဒူးထားစရာနေရာမရှိဘူး။

ခရီးသွားလို့ လေယာဉ်စီးရင်ဖြစ်ဖြစ် ဘတ်(စ်)ကားစီးရင်ဖြစ်ဖြစ် ဒူးက ထားစရာနေရာမရှိဘူး ဟုတ်တယ်နော်။

အုပ်စုလိုက် Selfies ဆွဲရင် ရှေ့မှာပဲနေရတယ်။

အုပ်စုလိုက် Selfie ဓါတ်ပုံရိုက်တဲ့အခါ အရပ်ရှည်တော့ အနောက်မှာ နေရလေ့မရှိဘူး။ ကိုယ်ပဲ ကင်မရာကိုင်ပြီး ပုံရိုက်ရလေ့ရှိတယ်။ သူများက ဓါတ်ပုံရိုက်ပေးရင်တော့ အနောက်မှာပဲ ပေကပ်ရပ်နေရတော့တာပေါ့။