များသောအားဖြင့် White Sneakers တွေကို အပြင်လျှောက်လည်ချိန်မှာ ပေါ့ပေါ့ပါးပါးဖြစ်အောင် စီးလေ့ရှိကြသလိုပါပဲ။ Black Sneaker တွေကိုလည်း ဂျင်းဘောင်းဘီတွေ၊ ဒါမှမဟုတ် တခြားဘောင်းဘီအသားတွေနဲ့ တွဲဝတ်လေ့ရှိပါတယ်။

Black Sneaker တွေက တကယ်တမ်းမှာ ပိုလို့တောင် အားသာတဲ့အချက်တွေ ရှိတယ်လို့ ပြောနိုင်ပါတယ်။

Black Sneaker တွေဟာ Streetwear ကနေ ပိုပြီး Formal ကျတဲ့ နေရာမျိုးတွေမှာပါ စီးနိုင်တဲ့ ဖိနပ်မျိုးတွေ ဖြစ်ပါတယ်။ Casual ဖက်ရှင်ကြိုက်တဲ့သူဆိုရင် Black Sneaker ကို Tees ၊ Jeans နဲ့ ဘောင်းဘီတို Shorts တွေလို Casual တွဲဖက်ပြီး ဝတ်ဆင်နိုင်ပါတယ်။

Casual Black Sneaker ကို ပိုပြီး စမတ်ကျအောင် ဝတ်လို့လည်း ရပါတယ်။

Black Sneaker နဲ့ ပတ်သက်လို့ လူအများစု အဓိက အမေးများတဲ့ မေးခွန်းနှစ်ခု ရှိပါတယ်။ တစ်ခုက Black Sneaker ကို ဘာနဲ့တွဲဝတ်နိုင်သလဲ ဆိုတဲ့ မေးခွန်းနဲ့ နောက်တစ်ခုက ဘယ်လို ခြေအိတ်မျိုးနဲ့ ဝတ်နိုင်သလဲ ဆိုတာပါပဲ။

Black Sneaker တွေက Dark Coloring ဖြစ်လို့ တခြား Sneaker ကာလာတွေထက် ပိုပြီး နေရာမရွေး ဝတ်နိုင်တယ် ၊ ပိုပြီး စီးစရာလမ်း များပါတယ်။ Jeans ဆိုရင်လည်း ဘယ်လို ကာလာနဲ့မဆို တွဲဝတ်နိုင်ပါတယ်။

မိုးပြာဖျော့ပဲဖြစ်ဖြစ် ၊ အနက်ပဲဖြစ်ဖြစ် ၊ သံလွင်စိမ်းရင့်ပဲဖြစ်ဖြစ် Black Sneaker တွေက ကိစ္စမရှိပါဘူး။

နောက်မေးခွန်းတစ်ခု ဖြစ်တဲ့ ဘယ်လိုခြေအိတ်နဲ့ Black Sneaker မျိုး တွဲဝတ်ရမလဲဆိုတာကတော့ ရှင်းပါတယ်။ တစ်ရောင်တည်း Single-Colourဖြစ်တဲ့ ခြေအိတ်မျိုးတွေ ၊ အရောင့်ရင့်ရင့် ခြေအိတ်တွေနဲ့ Black Sneaker က လိုက်ဖက်ပါတယ်။

လိမ္မော်ရောင်၊ အပြာရောင်တွေက အဆင်ပြေသလို ဝတ်ချင်ရင် All-Black ဖြစ်ဖို့ အနက်ရောင် ဗြောင် Socks တွေလည်း ဝတ်ဆင်နိုင်တာပါပဲ။