ဟယ်လို MyStyle Myanmar က စာဖတ်ချစ်သူတို့ရေ။ တိရိစ္ဆာန်လေးတွေဆိုရင် မချစ်တဲ့သူဆိုတာ ဒီကမ္ဘာမှာ ရှာမှရှားလှပါတယ်နော်။ ခွေး၊ ကြောင်၊ ငှက်၊ ယုန်၊ ကြွက်၊ ပူး စသဖြင့် အိမ်မွေးတိရိစ္ဆာန်လေးတွေကို မြင်လိုက်တာနဲ့ ထွေးပွေ့ချင်တာ၊ အတူတူဆော့ကစားချင်စိတ်ကလည်း အလိုလို ပေါ်လာတတ်ပါတယ်။

တစ်နေ့တာမှာ ဘယ်လောက်ပဲပင်ပန်းလွန်းလှပြီး စိတ်ညစ်စရာတွေရှိနေရင်တောင် သူတို့လေးတွေကို မြင်လိုက်ရင် စိတ်သက်သာရာရစေပါတယ်။ အခုတစ်ခါမှာတော့ စာဖတ်သူတို့ကို စိတ်ပျော်စေချင်လို့ ဂျပန်နိုင်ငံက Corgi ခွေးလေးအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီခွေးလေးရဲ့အမည်ကတော့ Gen လို့ခေါ်ပြီး အမြှီးပါတဲ့ Corgi အမျိုးအစား ခွေးထီးလေးပါ။ မေလ ၃ ရက်နေ့က ငါးနှစ်ပြည့်ခဲ့တာဖြစ်ပြီး Corgi အများစုလိုပဲ အရမ်းသွက်လက်ပြီး အရမ်းလည်းဆော့တတ်သလို အရမ်းလည်းပါးနပ်ပါတယ်။ ဒါပေမယ့် သူ့ကို တခြား Corgi ခွေးလေးတွေနဲ့ မတူခြားနားစေတဲ့ အချက်ကတော့ သူလုပ်တတ်တဲ့ မျက်နှာအမူအယာတွေပါပဲ။

သူလုပ်တတ်တဲ့ မျက်နှာအမူအယာတွေကြောင့် အင်စတာဂရမ်မှာဆိုရင် တဖြည်းဖြည်းနဲ့တောင် လူသိများလာပါပြီနော်။ ဒါကြောင့် ဒီချစ်စရာကောင်းတဲ့ခွေးလေးရဲ့ မျက်နှာအမူအယာတွေက ဘယ်လောက်တောင်မှ ကွဲပြားသလဲဆိုတာကို ကိုယ်တိုင်ပဲကြည့်လိုက်ရအောင်ပါ။

Source: Bored Panda