မျက်နှာမှာအဆီတွေရှိလို့၊ မေးစေ့နှစ်ထပ်ဖြစ်လို့ဆိုပြီး စိတ်ညစ်နေတဲ့သူတွေနဲ့ အရေးအကြောင်းတွေပေါ်လာလို့ ပျောက်ချင်တဲ့သူတွေအတွက် မျက်နှာမှာရှိတဲ့ မလိုအပ်တဲ့ အဆီတွေကျပြီး အရေးအကြောင်းတွေ သက်သာလာစေမယ့် လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။ အရေးအကြောင်းတွေမရှိပဲလည်း လုပ်လို့ရပါတယ်။ မြန်မြန်မဖြစ်အောင် ကြိုတင်ကာကွယ်ပေးရာရောက်တာပေါ့။

ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်နဲ့ ပါးနှစ်ဖက်ကို တွန်းတင်ပေးတဲ့ လေ့ကျင့်ခန်းကို ၁၀ ကြိမ်လုပ်ပေးရပါမယ်။

လက်နှစ်ဖက်ကို ပုံမှာပြထားတဲ့အတိုင်း နဖူးမှာလုပ်ထားပြီး မျက်လုံးမှိတ်ကာ လျှာထုတ်ပြီး စက္ကန့် ၃၀ အသက်ရှူပေးပါ။

ပုံမှာပြထားတဲ့အတိုင်း လက်တစ်ဖက်က ပါးကိုဖိထားပြီး နောက်လက်တစ်ဖက်ကတော့ လက်သုံးချောင်းနဲ့ ပါးစပ်ရှေ့မှာထားကာ အသက်ကို ခပ်ပြင်းပြင်းလေး ရှူသွင်းရှူထုတ်လုပ်ပေးပါ။ တစ်ဖက်ကို ၁၀ ကြိမ်စီ ဘယ်၊ ညာတစ်လှည့်စီ ပြောင်းလုပ်ပေးပါ။

လက်နှစ်ဖက်ကို ပုံမှာပြထားတဲ့အတိုင်း လုပ်ပေးပါ။ အဲ့အတိုင်း စက္ကန့် ၃၀ နေပေးရပါမယ်။

ပုံမှာပြထားတဲ့အတိုင်း လက်နှစ်ဖက်နဲ့ အပေါ်နှစ်ခမ်းကို ဆွဲပြီး စက္ကန့် ၃၀ နေပေးရပါမယ်။

ပုံမှာပြထားတဲ့အနေအထားအတိုင်း စက္ကန့် ၃၀ နေရပါမယ်။ လျှာကိုလည်း ပုံမှာပြထားသလို အပေါ်ကို လိပ်ထားရပါမယ်။

လက်နှစ်ဖက်လုံးရဲ့ လက်ချောင်းနှစ်ချောင်းနဲ့ ပါးနှစ်ဖက်ကို တွန်းတင်ပြီး အပေါ်သွားကို ပုံမှာပြထားသလိုလေးလုပ်ပြီး စက္ကန့် ၃၀ နေရပါမယ်။

နဖူးမှာ အရေးအကြောင်းမဖြစ်စေဖို့ ပုံမှာပြထားတဲ့အနေအထားအတိုင်း စက္ကန့် ၃၀ နေပေးရပါမယ်။

မျက်လုံးကိုမှိတ်ထားပြီး လက်သုံးချောင်းနဲ့ မျက်ခုံးကို တွန်းတင်တဲ့ အနေအထားအတိုင်း စက္ကန့် ၃၀ နေပေးရပါမယ်။

Source: www.brightside.me