အားလုံးပဲ မင်္ဂလာပါ။ မိတ်ကပ်ပြင်ဆင်ခြယ်သတယ်ဆိုတာ ကိုယ့်ရှိရင်းစွဲအလှလေးကို လှသထက်လှလာအောင် ပြုလုပ်ခြင်းဖြစ်ပါတယ်။

ဒါပေမဲ့ တစ်ခါတလေမှာ မိတ်ကပ်အသုံးအဆောင်ပစ္စည်းလေးတွေကို မှားယွင်းစွာ အသုံးပြုမိမယ်၊ လိမ်းခြယ်ပုံတွေ မမှန်ဘူးဆိုရင် ကိုယ့်ကို ကြည့်မကောင်းဖြစ်စေတဲ့အပြင် အသားအရေကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။

ဒါ့ကြောင့် အဲ့ဒီအမှားလေးတွေကို ရှောင်ကြဉ်နိုင်အောင်လို့ ပျိုမေလေးတို့အတွက် ဝေမျှပေးလိုက်တယ်နော်။

မိတ်ကပ်ဘရက်ရှ်လေးတွေကို ပုံမှန်ဆေးကြောသန့်စင်ပေးပါ

ကိုယ်တစ်ယောက်တည်းသုံးတဲ့ ဘရက်ရှ်လေးတွေပဲ မဆေးလည်း ဘာမှမဖြစ်ပါဘူးလို့ မထင်လိုက်ပါနဲ့။ မိတ်ကပ်ဘရက်ရှ်လေးတွေက အလှကုန်ပစ္စည်းအမျိုးမျိုးနဲ့ သင့်အသားအရေကို ထိတွေ့နေရတာပါ။ မဆေးပဲ အကြာကြီး ပစ်ထားလိုက်မယ်ဆိုရင် ဘရက်ရှ်အမျှင်လေးတွေမှာ ဘက်တီးရီးယားပိုမွှားတွေ စုပုံနေပြီး အချိန်ကြာလာတဲ့အခါ အရေပြားပြဿနာတွေ ခံစားရနိုင်ပါတယ်။

ရေစိုခံတဲ့ မာစကာရာတွေကို နေ့တိုင်း မသုံးပါနဲ့

ရေစိုခံတဲ့ မာစကာရာတွေ သုံးမယ့်အစား ပုံမှန်မာစကာရာပဲ အသုံးပြုပါ။ ဘာဖြစ်လို့လဲဆိုရင် မိတ်ကပ်ဖျက်တဲ့အခါ ရေစိုခံတဲ့ မာစကာရာလိမ်းထားမယ်ဆို မျက်လုံးကို အားနဲ့ပွတ်တိုက်မှ အကုန်အစင်ပြောင်သွားမှာပါ။ ဒီလိုလုပ်ခြင်းက မျက်တောင်မွှေးလေးတွေကို အားနည်းစေပြီး ထိခိုက်ပျက်စီးစေပါတယ်။

ဖောင်ဒေးရှင်းလိမ်းပြီးမှ ကွန်ဆီလာလိမ်းပါ

ထူပိန်းနေတဲ့ မိတ်ကပ်လိမ်းခြင်းကို ရှောင်ကြဉ်နိုင်ဖို့နဲ့ သဘာဝဆန်တဲ့ မိတ်ကပ်လေးဖြစ်ဖို့အတွက်ဆိုရင် ဖောင်ဒေးရှင်းလိမ်းပြီးမှ ကွန်ဆီလာလိမ်းပေးရပါမယ်။

ဖောင်ဒေးရှင်းက အသားအရေကို ပျက်စီးစေနိုင်ပါသလား

ယနေ့ခေတ် ဖောင်ဒေးရှင်တွေက အသားအရေထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် လိုအပ်တဲ့ဖော်မြူလာတွေနဲ့ သေချာဖော်စပ်ထားတာပါ။ တစ်နေကုန်အစိုဓာတ်ထိန်းပေးထားအောင်၊ ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးအောင် ပြုလုပ်ထားတာပါ။ အရေးကြီးဆုံးကတော့ ကိုယ့်အသားအရေနဲ့ လိုက်ဖက်မယ့် ဖောင်ဒေးရှင်းကို ရွေးချယ်အသုံးပြုဖို့ပါပဲ။

လှပတဲ့ နှုတ်ခမ်းတစ်စုံပိုင်ဆိုင်နိုင်ဖို့

နှုတ်ခမ်းသားလေးကို ပြည့်ပြည့်ဖူးဖူးလေးနဲ့ ကြည့်ကောင်းချင်တယ်ဆိုရင်တော့ နှုတ်ခမ်းနီမဆိုးခင်မှာ ခဲတံလိုင်နာလေးနဲ့ အရင်ဆုံးဘောင်ကွတ်ပေးပြီးမှ နှုတ်ခမ်းနီဆိုးပေးရပါမယ်။

Source: Brightside.me