လူတစ်ယောက်ရဲ့မျက်နှာသွင်ပြင်နဲ့ ပုံပန်းသဏ္ဍာန်က အရေးကြီးဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သင်လူတစ်ယောက်နဲ့ ပထမဦးဆုံးအကြိမ် တွေ့ဆုံရတဲ့က ပထမဆုံးဂရုစိုက်မိတာကတော့ သူ့ရဲ့ပုံပန်းသွင်ပြင်ပါပဲ။ အမေရိကန်နိုင်ငံရဲ့စစ်တမ်းကောက်ချက်အရ လူသန်းပေါင်း ခြောက်ဆယ်ခန့်က အမဲစက်နဲ့ အဖုအပိမ့်များကို ခံစားနေကြရပါတယ်။

သင့်ရဲ့စားသောက်မှုပုံစံနဲ့ အမူအကျင့်များကို ကျန်းမာရေးနဲ့ ညီညွှတ်အောင် ပြောင်းလဲလိုက်ခြင်းဖြင့်လည်း ကူညီဖယ်ရှားပေးနိုင်သလို အခုဖော်ပြပေးမယ့်နည်းလမ်းလေးများကို ပြုလုပ်ပေးခြင်းဖြင့်လည်း ဝက်ခြံ၊ အမဲစက်နဲ့ အရေးအကြောင်းများကို နှုတ်ဆက်လိုက်ပါ။

ခြောက်သွေ့တဲ့အသားအရေ

ထောပတ်သီးက အသားအရေကို အစိုဓာတ်ဖြည့်ပေးတဲ့အပြင် အသားအရေချောမွေ့အောင်လည်း ကူညီပေးပါတယ်။ ထောပတ်သီးတစ်လုံးကို လှီးဖြတ်ပြီး ခရင်မ်လေးဖြစ်သွားကြောင့် ကြိတ်ချေလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာ ၁၅ မိနစ်၊ မိနစ် ၂၀ ခန့် ထားထားပြီးမှ ရေဆေးချလိုက်ပါ။

အဆီပြန်တဲ့အသားအရေ

အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက်ကတော့ ခရမ်းချဉ်သီးက အသင့်တော်ဆုံးပါပဲ။ ခရမ်းချဉ်သီးကို သကြားလက်ဖက်ရည်ဇွန်းတစ်ဇွန်းခန့်နဲ့ ရောမွှေပြီး မျက်နှာပေါ်လိမ်းလိုက်ပါ။ ၅ မိနစ်ခန့်ကြာရင် မျက်နှာသစ်ပေးပါ။ သင့်အသားအရေကို အဆီမပြန်အောင် ကူညီပေးပါလိမ့်မယ်။

ချွေးပေါက်ကျယ်သူများအတွက်

ပန်းသီးရှာလကာရည်ကို ရေနဲ့အချိုးတူရောလိုက်ပြီး မျက်နှာပေါ်လိမ်းလိုက်ပါ။ ၅ မိနစ်ခန့်ကြာပြီးနောက် မျက်နှာသစ်လိုက်ပါ။ အဲ့ဒီနောက် အသားအရေခြောက်သွေ့မှုမှ ကာကွယ်ဖို့အတွက် Moisturizer Cream လေး ပြန်လိမ်းပေးပါ။

အရေးအကြောင်းများအတွက်

ငှက်ပျောသီးက အရေးအကြောင်းများကို ဖယ်ရှားပေးပါတယ်။ ငှက်ပျောသီးနဲ့ မျက်နှာပေါင်းတင်ဖို့အတွက် ငှက်ပျောသီးအနှစ်ကို ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ရောလိုက်ပါ (ဒိန်ချဉ်၊ ဒါမှမဟုတ် လိမ္မော်ဖျော်ရည်ထပ်ထည့်ချင်လည်း ထည့်လို့ရပါသေးတယ်)၊ ငှက်ပျောသီးနဲ့ ပျားရည်အရောအနှောကို မျက်နှာပေါ်သုတ်လိမ်းပြီး ၁၅ မိနစ် မိနစ် ၂၀ ခန့်ကြာရင် မျက်နှာသစ်လိုက်ပါ။ ပြီးရင် Moisturizer Cream လေး ပြန်လိမ်းပေးပါ။

မေးနှစ်ထပ်မဖြစ်ဖို့အတွက်

မေးနှစ်ထပ်မဖြစ်ဖို့အတွက် လေ့ကျင့်ခန်းအမျိုးမျိုးပြုလုပ်လို့ရပါတယ်။ ပီကေဝါးခြင်းဖြင့်လည်း မေးနှစ်ထပ်ဖြစ်ခြင်းမှ ရှောင်ကြဉ်နိုင်ပါတယ်။

မျက်ခုံးမွှေးလေး ထူထဲဖို့အတွက်

နွားနို့အသုံးပြုပြီး မျက်ခုံးမွှေးထူအောင် ပြုလုပ်လို့ရပါတယ်။ ဝါဂွမ်းစလေးကို နွားနို့ထဲနှစ်ပြီး မျက်ခုံးမွှေးပေါ်ကို သုတ်လိမ်းပေးပါ။ ၁၅ မိနစ်ကြာ သုတ်လိမ်းပြီးတဲ့နောက်မှာ ရေဆေးချလိုက်ပါ။

ဝက်ခြံများ ဖယ်ရှားဖို့အတွက်

အာလူးအသုံးပြုပြီး ဝက်ခြံများကိုဖယ်ရှားနိုင်ပါတယ်။ အာလူးအရည်ကို ဝက်ခြံပေါ်မှာ လိမ်းထားပြီး ခြောက်တဲ့အထိစောင့်ပါ။ ခြောက်သွားရင် မျက်နှာကို ရေနဲ့ဆေးလိုက်ပါ။ ဝက်ခြံတွေကို ခြောက်သွားအောင် ကူညီပေးပါလိမ့်မယ်။

Source: Brightside.me