အခုနောက်ပိုင်းမှာလည်း စနိုက်ကြော်ခံရတဲ့ကိစ္စတွေက အရမ်းဖြစ်နေတာကို တွေ့ရပါတယ်။ ကိုယ့်ချစ်သူကို သူများစနိုက်ကြော်လို့မရအောင် ကိုယ့်ချစ်သူတင်မကပါဘူး၊ ကိုယ်ကိုယ်တိုင်ကလည်း ဆင်ခြင်ပြီး ဂရုစိုက်ရမယ့်အချက်တွေ ရှိပါတယ်။

ဒါကြောင့် ကိုယ့်ချစ်သူကို သူများစနိုက်ကြော်လို့မရအောင် ဆင်ခြင်ပေးရမယ့်အချက် (၃) ချက်ကို ပြောပြပေးလိုက်ပါတယ်။

တစ်ခုခုဆို Facebook ပေါ်တက်ရေးတာကို ဆင်ခြင်ပါ။

Source: www.hellorf.com

မိန်းကလေးပဲဖြစ်ဖြစ်၊ ယောကျ်ားလေးပဲဖြစ်ဖြစ် ကိုယ့်ချစ်သူနဲ့ အဆင်မပြေတာတွေ၊ ကိုယ့်ချစ်သူမကောင်းကြောင်းတွေကို Facebook ပေါ်မတင်ပါနဲ့။ အစထဲက ကိုယ့်ချစ်သူကိုလိုချင်နေတဲ့သူတွေကို သတင်းပေးတာမျိုးဖြစ်သွားတတ်ပါတယ်။ ကောင်းတာတွေတင်ရင်တောင် စိတ်မချရတဲ့ခေတ်ဖြစ်နေပါပြီ။ ဒါကြောင့် ကိုယ့်ချစ်သူနဲ့ပတ်သတ်တာတွေ Facebook ပေါ်လုံးဝမတင်တာ အကောင်းဆုံးပါ။

ပြဿနာရှာလွန်းတဲ့အကျင့်ကို ဆင်ခြင်ပါ။

Source:www.cleo.com.sg

လူတိုင်းကတော့ အမှားနဲ့မကင်းပါဘူး။ ချစ်သူစုံတွဲတွေကြားမှာလည်း ပြဿနာတွေ၊ စိတ်ဆိုးစိတ်ကောက်တာတွေက ရှိစမြဲပါပဲ။ အရေးကြီးတာက ခဏခဏပြဿနာရှာတာမျိုး၊ ဘာမဟုတ်တာတွေကအစ ခေါင်းထဲထည့်ပြီး ပြဿနာလိုက်ရှာတာမျိုး၊ အကြောင်းအရင်းမရှိပဲ တစ်ချိန်လုံးစိတ်ဆိုးစိတ်ကောက်နေတာမျိုးတွေ မလုပ်မိဖို့ပါပဲ။ ဒါတွေကို ကြာလာရင်စိတ်ပျက်သွားတတ်ပါတယ်။ ကိုယ့်ကိုစိတ်ပျက်ပြီး သူ့အပေါ်လာနွယ်နေတဲ့သူတွေနောက် ပါသွားတတ်ပါတယ်။

ကိုယ့်ရဲ့အပြုအမူ အနေအထိုင်တွေကို ဆင်ခြင်ပါ။

Source: www.sistemyotopleniya.ru

ကိုယ်မကြိုက်တဲ့အရာကို သူများလုပ်တာမကြိုက်ရင် သူများမကြိုက်တာကို ကိုယ်လည်းမလုပ်မိအောင် ဆင်ခြင်ပါ။ ကိုယ်တိုင်ကတော့ သူမကြိုက်တာတွေကို ဂရုမစိုက်ပဲ လုပ်ချင်တာလုပ်နေမယ်ဆိုရင်တော့ အဆင်မပြေပါဘူး။ တခြားသူတွေနဲ့ တတွဲတွဲနေပြီး ချစ်သူမကြိုက်တာတွေကို ဆက်တိုက်လုပ်နေရင် သင့်ကိုစိတ်ကုန်လာနိုင်ပါတယ်။

သူလိုအပ်ချိန်တိုင်းမှာလည်း အနားမှာဖေးမပေးတာ၊ အားပေးနှစ်သိမ့်ပေးတာမျိုးမရှိရင် ကြာလာတဲ့အခါမှာ သူ့အပေါ်ကောင်းပြနေတဲ့သူ၊ နှစ်သိမ့်အားပေးတဲ့သူဆီကို စိတ်ယိုင်ပြီး သာယာသွားနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ချစ်သူကို စနိုက်ကြော်တာမခံရဖို့က ချစ်သူတင်မကပဲ ကိုယ်နဲ့လည်း သက်ဆိုင်နေပါတယ်။