မနက်အိပ်ယာထနောက်ကျလို့ ရုံးနောက်ကျတတ်တဲ့သူတွေလည်း ရှိသလို၊ မနက်ဆို ပြာယာခတ်ပြီး အဆင်သင့်ဘာမှမရှိလို့ ရုံးနောက်ကျနေရတဲ့သူတွေလည်း အများကြီးပါ။ ခဏခဏရုံးနောက်ကျနေမယ်ဆိုရင်တော့ အလုပ်ကိုလည်း မလေးစားရာကျသလို၊ ကြာလာရင် ကိုယ့်အတွက်လည်း မကောင်းပါဘူး။ ဒါကြောင့် မနက်တိုင်းရုံးနောက်ကျတတ်တဲ့ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ပြောပြပေးလိုက်ပါတယ်။
အိပ်ချိန်နဲ့ နိုးထချိန်ကို သတ်မှတ်လိုက်ပါ။
Source: www.yoga2all.com
ညဘက်မှာ ၁၀ နာရီကိုနောက်ဆုံးထားအိပ်ပြီး မနက်ကိုတော့ ၆ နာရီထပေးပါ။ ဒီလို အကျင့်လုပ်ပေးမယ်ဆိုရင်တော့ ရုံးလည်းနောက်ကျတော့မှာ မဟုတ်ပါဘူး။
၉ နာရီကစပြီး အနားယူပါ။
Source: www.picjumbo.com
ည ၉ နာရီကစပြီး ဖုန်း၊ ကွန်ပြူတာ၊ တီဗီ လုံးဝးမကြည့်ပဲ မျက်လုံးကို အနားပေးပါ။ အစာမကြေရင်လည်း ညဘက်မှာကောင်းကောင်း အိပ်မပျော်နိုင်တဲ့အတွက် အစားအသောက်ကို ဆင်ခြင်ပေးပါ။ စာအုပ်ဖတ်တာနဲ့ တရားထိုင်ပေးတာက မြန်မြန်အိပ်ပျော်စေပါတယ်။
အိပ်ခါနီးမှာ နွားနို့ပူပူတစ်ခွက်သောက်ပါ။
Source: www.collective-evolution.com
ညအိပ်ခါနီးမှာ နွားနို့ပူပူတစ်ခွက်သောက်ပြီးမှ အိပ်ပေးခြင်းက ကောင်းမွန်စွာအိပ်စက်နိုင်ဖို့ကို အထောက်အကူပြုပါတယ်။ ညအိပ်ခါနီးမှဗိုက်ဆာလာရင်လည်း အခြားအစားအစာတွေမစားပဲ နွားနို့ကိုသောက်ပေးနိုင်ပါတယ်။
စိတ်ညစ်စရာတွေမတွေးပါနဲ့။
Source: www.sweetyhigh.com
စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာတွေ၊ အဆင်မပြေတာတွေကို တွေးနေမိရင်လည်း ညဘက်မှာ တော်ရုံနဲ့ အိပ်မပျော်ပါဘူး။ ဒါကြောင့် အိပ်ခါနီးမှာ ဘာမှမတွေးပါနဲ့။ အရမ်းစိတ်ရှုပ်နေတဲ့အခါ၊ အိပ်လို့မရတဲ့အခါ တရားထိုင်လိုက်ပါ။ စိတ်တည်ငြိမ်ပြီး အိပ်လို့ရသွားမှာပါ။
မနက်အတွက် ကြိုတင်ပြင်ဆင်ထားပါ။
Source: www.shutterstock.com
မနက်ဝတ်ဖို့ အဝတ်အစားတွေနဲ့ ယူသွားရမယ့်အရာတွေကို ညထဲက ကြိုတင်ပြင်ဆင်ထားပါ။ ဒီလိုသာ ညထဲကကြိုတင်ပြင်ဆင်ထားရင် မနက်ကျအဆင်သင့်ဖြစ်နေမှာပါ။ ဒီတော့ နောက်ကျစရာ၊ ပြာယာခတ်စရာအကြောင်းလည်း မရှိတော့ဘူးပေါ့။
ဒီအချက်တွေကိုသာ ပြောင်းလဲပြီးဂရုစိုက်ပေးလိုက်ရင် အိပ်ယာထနောက်ကျတာမျိုးလည်း မဖြစ်တော့ ရုံးလည်း နောက်ကျမှာ မဟုတ်တော့ပါဘူး။ ဒါ့အပြင် အိပ်ရေးဝဝလည်း အိပ်စက်နိုင်မှာပါ။