စာဖတ်သူတို့ထဲမှာ မိမိချစ်သူနဲ့ အနေဝေးနေသူတွေပါလားရှင့်။ အတူတူမရှိပေမယ့် အနားမှာရှိနေသလို သူ့ကို အမြဲတမ်းချစ်ပြီး ရေရှည်တည်တံ့တဲ့ အချစ်ရေးတစ်ခုကို တည်ဆောက်နိုင်ဖို့ ဘာတွေပြုလုပ်ပေးလို့ရသလဲဆိုတာကို မျှဝေပေးချင်ပါတယ်။

အနေဝေးတဲ့အချစ်ဆိုတာ တခါတလေ ချစ်သူကို စိတ်မချမှုတွေ ၊ စိုးရိမ်ပူပန်မှုတွေနဲ့ ပြည့်နက်နေတတ်ပြီး ချစ်သူကို လွှမ်းတဲ့စိတ်ကို အမြဲတမ်းလိုလိုနှိပ်စက်နေတတ်ပါတယ်။

အနေဝေးနေပေမယ့် ထာဝရချစ်နေစေဖို့ ဘယ်လိုအချက်တွေပြုလုပ်ပေးရမလဲဆိုတာ ကြည့်လိုက်ရအောင်နော်။

ချစ်သူနဲ့ အွန်လိုင်းကတဆင့်စကားပြောပါ

ချစ်သူနဲ့ အွန်လိုင်းကတဆင့်စကားပြောပါ။ ဖုန်းနဲ့ပြောတာတင်မဟုတ်ဘဲ Video Call နဲ့ စကားပြောနိုင်ပါတယ်။ အဲဒီလိုချစ်သူကို စကားပြောတဲ့အခါမှာလည်း ကိုယ်ကြိုက်တဲ့အချက် မကြိုက်တဲ့အချက်တွေကို ပွင့်ပွင့်လင်းလင်းပြောထားဖို့ လိုပါတယ်။

ချစ်သူကို အများကြီးမတောင်းဆိုပါနဲ့

ကိုယ်ကြိုက်တဲ့အချက် မကြိုက်တဲ့အချက်တွေက ပြောလို့ရပါတယ်။ ဒါပေမယ့် ချစ်သူကိုတောင်းဆိုမှုအများကြီးမလုပ်ပါနဲ့။ သူတို့ပြောတာကိုလည်း နားထောင်ဖို့ကြိုးစားပါ။ မဟုတ်ရင်တော့ အနားမှာလည်းမရှိတာမို့ အချစ်ရေးက ညှိရခက်ပါတယ်။

ချစ်သူကိုစကားပြောဖို့အချိန်သီးသန့်ပေးပါ

ကိုယ်ကအမြဲတမ်းသူနဲ့ စကားပြောနေလို့မဖြစ်နိုင်ပါဘူး။ ချစ်သူက နိုင်ငံခြားမှာနေပြီး ကိုယ်က ဒီမှာနေတဲ့အခါ ပိုဆိုးပါတယ်။ အချိန်ကို သေချာညှိယူပြီးစားပြောပါ။

အချိန်မပေးနိုင်တဲ့အခါနားလည်ပေးပါ

တခါတလေ ချစ်သူက အချိန်မပေးနိုင်တဲ့အခါ။ အလုပ်ပင်ပန်းလို့နားချင်တဲ့အခါ နားလည်ပေးပါ။

ချစ်သူနဲ့ပြန်တွေ့ပါ

တစ်နှစ်တစ်ခါလောက်ဖြစ်ဖြစ် ချစ်သူနဲ့ တွေ့ရအောင်ပြန်ပါ။ သူ့ကိုကိုယ်လွမ်းနေတာ၊ သူ့ကိုကိုယ် တွေ့ချင်လွန်းလို့ ပြန်လာတာ သူသိပါစေ။

ဆင်တူလေးတွေဝတ်ပါ


အနေဝေးနေပေမယ့် အနားမှာရှိနေသလို ခံစားရဖို့ ကိုယ်နဲ့သူ ဆင်တူအင်္ကျ ီတွေ၊ ဆင်တူ အရောင်လေးတွေဝတ်ပြီး စကားပြောပါ။ လက်စွပ်ဆင်တူလည်း ဝတ်ဆင်နိုင်ပါတယ်။

လက်ဆောင်လေးတွေထည့်ပေးပါ

အနေဝေးနေပေမယ့် သူ့အတွက် အမှတ်တရ လက်ဆောင်လေးတွေထည့်ပေးပါ။ သူ့ကို ကိုယ်အလေးထားတယ်၊ တန်ဖိုးထားတယ်ဆိုတာ သူသိပါစေ။

Source: www.blushbabe.com

BY: MyStyle Myanmar