မိန်းကလေးအများစုက Makeup Remover တွေကိုဝယ်ပေမယ့် Eye Makeup Remover တွေကိုတော့ မဝယ်ကြတာများပါတယ်။ အလှပြင်ရင် မျက်လုံးကိုလည်းပြင်တဲ့အတွက် Eye Makeup Remover ကတော့ လိုအပ်ပါတယ်။
ဒါပေမယ့် ပိုက်ဆံကုန်သက်သာပြီး အပိုအနေနဲ့လည်း ထပ်ဝယ်နေစရာမလိုအောင် အိမ်မှာရှိတာလေးတွေနဲ့ Eye Makeup Remover အဖြစ်နဲ့သုံးနိုင်မယ့်နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
သံလွင်ဆီ
သံလွင်ဆီ – စားပွဲတင်ဇွန်း ၄ ဇွန်းနဲ့ ဗာဒံဆီ – စားပွဲတင်ဇွန်း ၃ ဇွန်းတို့ကို ပုလင်းတစ်ခုထဲထည့်ပြီး လှုပ်ရမ်းပေးပါ။ ပြီးရင်တော့ မိတ်ကပ်ဖျက်တဲ့ဂွမ်းဖတ်လေးနဲ့ယူပြီး Eye Makeup Remover အဖြစ်နဲ့ အသုံးပြုနိုင်ပါတယ်။
အုန်းဆီ
အုန်းဆီနဲ့ဖျက်တာကတော့ အရမ်းရိုးရှင်းပါတယ်။ ဂွမ်းဖတ်လေးထဲကိုအုန်းဆီထည့်ပြီး မျက်လုံးမှာဆိုးထားတာတွေ၊ ခြယ်ထားတာတွေကိုဖျက်လို့ရတဲ့အတွက် အရမ်းကောင်းတဲ့ Eye Makeup Remover ပါ။
Baby Shampoo
Baby Shampoo – စားပွဲတင်ဇွန်းတစ်ဝက်နဲ့ အုန်းဆီ – စားပွဲတင်ဇွန်းအနည်းငယ်တို့ကို ပန်းကန်တစ်လုံးထဲထည့်ပြီး ရေ – တစ်ခွက်စာကိုထည့်ကာ မွှေပေးပါ။ ပြီးရင်တော့ ဘူး (သို့) ပုလင်းထဲပြောင်းထည့်ပြီး လှုပ်ခါပေးပါ။ နောက်ဆုံးမှာတော့ မိတ်ကပ်ဖျက်တဲ့ဂွမ်းဖတ်လေးနဲ့ယူပြီး Eye Makeup Remover အဖြစ်နဲ့ အသုံးပြုနိုင်ပါတယ်။
Baby Oil
Baby Oil ကလည်း အုန်းဆီလိုပါပဲ။ သူ့တစ်မျိုးထဲနဲ့ ဖျက်လို့ရပါတယ်။ ဂွမ်းဖတ်လေးထဲကို Baby Oil ထည့်ပြီး မျက်လုံးမှာဆိုးထားတာတွေ၊ ခြယ်ထားတာတွေကိုဖျက်လို့ရပါတယ်။
ဒီနည်းလမ်းတွေထဲက ကိုယ်နဲ့အဆင်ပြေတာ၊ ကိုယ့်အိမ်မှာရှိတာကိုယူပြီး Eye makeup Remover အဖြစ်နဲ့ အသုံးပြုနိုင်ပါတယ်။
Photo Source: www.womensok.com