၁။ သစ်တော်သီးပုံသဏ္ဍာန်
ဤခန္ဓာကိုယ်ပိုင်ရှင်များဟာ သဘောထားကြီးတတ်ကြပြီး ချစ်သူရဲ့စိတ်ဆန္ဒကို အလွန်လိုက်လျောတတ်ပါတယ်။
၂။ ဘဲဥပုံသဏ္ဍာန်
အစဉ်အမြဲ ဖက်ရှင်ကျကျ၊ စတိုင်မိမိ ဝတ်စားဆင်ယင်တတ်ကြပြီး အခြားသူများကိုလိုက်လံအတုယူတာထက် အမြဲတမ်းဖက်ရှင်ရေစီးကြောင်းနောက် လိုက်ရတာကို သဘောကျနှစ်သက်သူများပါ။
၃။ ငှက်ပျောသီးပုံသဏ္ဍာန်
ပိန်ပိန်ပါးပါးကိုယ်ခန္ဓာရှိကာ ချစ်သူကိုရွေးချယ်သည့်အခါမှာ အလွန်ဇီဇာကြောင်သူများဖြစ်ပါတယ်။
၄။ စတော်ဘယ်ရီသီးကိုယ်လုံးကိုယ်ပေါက်
မချိုမချဉ်အရသာနှင့် စတော်ဘယ်ရီသီးကိုယ်လုံးကိုယ်ပေါက်ရှိသူများဟာ ရင်သားအတန်ငယ်ကြီး၍ ခါးလေးသေးသွယ်ကာ အင်မတန်တော်တတ်ပြီး ဉာဏ်ကောင်းသူများကို ချစ်သူအဖြစ်လိုချင်ကြသူတွေပါ။
၅။ မြေပဲသဏ္ဍာန်ကောက်ကြောင်းအလှ
ကိုယ်ခန္ဓာကောက်ကြောင်း အင်မတန်ပြေပြစ်ပြီး သေးသွယ်သောခါးလေးတို့က သဲနာရီအလားသဏ္ဍာန်တူကာ သန်မာထွားကြိုင်း၍ မိမိကိုယ်ကိုယုံကြည်မှုအလွန်ရှိကြပါတယ်။
၆။ ပန်းသီးပုံသဏ္ဍာန်
ဒီလိုမျိုးခန္ဓာကိုယ်ပိုင်ရှင်လေးတွေက အမြဲတမ်းပျော်ပျော်နေတတ်ကြပြီး တစ်ဦးတည်းကိုသာ ချစ်မြတ်နိုးတတ်ကြသူတွေ ဖြစ်ပါတယ်။
၇။ ဇွန်းသဏ္ဍာန်ရှိခန္ဓာကိုယ်အလှ
တင်ပါးလေးနည်းနည်းကြီးကာ တခါတရံမှာ ကိုင်တွယ်ဖြေရှင်းလို့မနိုင်လောက်အောင်ကို အလွန်တရာခေါင်းမာတတ်ကြပါတယ်။
၈။ တြိဂံပြောင်းပြန်
ပေါင်းသင်းဆက်ဆံရေး အင်မတန်ချောမွေ့လွန်းတာကြောင့် သူငယ်ချင်း၊ မိတ်ဆွေအသစ်များနဲ့ အချိန်ပြည့်ထိတွေ့နေသူများပါ။
၉။ စိန်တုံးသဏ္ဍာန်
အင်မတန်အရှက်အကြောက်ကြီးတတ်ကြပြီး တစ်ဦးတည်းသာသီးသန့်နေထိုင်တတ်သူများပါ။ ရွေးချယ်မှုတစ်ခုခုကို မပြုလုပ်ခင်အချိန်မှာ သေသေချာချာကို စဉ်းစားဆုံးဖြတ်တတ်ကြပါတယ်။
ကဲ…. Admin က ကိုယ်လုံးကိုယ်ပေါက်ပုံစံအမျိုးမျိုးကို ဖော်ပြပေးပြီးပြီဆိုတော့ စာဖတ်သူတို့ရော ဘယ်လိုနံပါတ်တွေချိတ်ကြသလဲ။ ? ကိုယ်သာမက ကိုယ့်သူငယ်ချင်းတွေပါ သိရအောင် အချင်းချင်း mention ခေါ်လိုက်ကြပါအုံးနော်….. ? ?