အမျိုးသမီးတိုင်း မနက်ခင်းကို ကြည်လင်တဲ့ အသားအရေနဲ့ နိုးထချင်ကြပါတယ်။ ညဖက်မှာ အသားအရေစိုပြေစေတဲ့ ဆဲလ်သစ်လေးတွေ မွေးထုတ်ပေးတာကြောင့် သင့်ရဲ့ တစ်နေ့တာလုံး လုပ်ဆောင်မှုက ညဖက်မှာ အသားအရေပြုပြင်နိုင်ဖို့ သက်ရောက်မှုရှိနေပါတယ်။

အခုပြောပြမယ့် အချက်လေးတွေကို လုပ်ပေးလိုက်ရုံနဲ့ အသားအရေကို ကြည်လင်စိုပြေလာစေမယ့် နည်းလမ်းတွေကို မျှဝေပေးပါမယ်။

ရေဓာတ်ဖြည့်ပါ

အသားအရစိုပြေစေမယ့် အရိုးရှင်းဆုံးနည်းလမ်းကတော့ ရေဓာတ်ဖြည့်တာပါပဲ။ သင့်အသားအရေ ရေဓာတ်ဖြည့်ပေးပါ။ မနက်အိပ်ယာထထချင်းနဲ့ ညအိပ်ယာမဝင်ခင်မှာ ရေသောက်ပါ။

သကြားစားသုံးမှုကိုလျှော့ချပါ

သကြားစားသုံးမှုကို လျှော့ချတာဟာ သင့်အသားအရေကို ပိုပြီးကြည်လင်လာစေမှာဖြစ်ပါတယ်။ သကြားဟာ သင့်အသားအရေကို အိုမင်းရင့်ရော်စေပြီး အားအရေကို ညိုးနွမ်းစေပါတယ်။

အာဟာရဓာတ်သင့်တင့်မျှတအောင်စာပါ

သင့်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို သင့်တင့်မျှတအောင်စားပေးပါ။ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ အစိမ်းရင့်ရောင်အရွက်တွေ၊ Omega 3 ပါဝင်တဲ့ ဆဲလ်မွန်ငါးလို အစားအစာတွေကို စားပေးပါ။

အိပ်ရေးဝဝအိပ်ပါ

ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ အိပ်ချိန်ကို ချန်ထားပါ။ အိပ်ရေးဝဝအိပ်ပါ။ အိပ်ရေးဝဝအိပ်မှ အသားအရေလှမှာဖြစ်သလို ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ်။

တရားထိုင်ပါ

တရားထိုင်ပေးတာဟာ သင့်စိတ်ကို တည်ငြိမ်စေသလို အသားအရကိုလည်း လှပစေမှာဖြစ်ပါတယ်။ တစ်နေ့ကို နာရီဝက်လောက် တရားထိုင်ပေးတာက သင့်ကျန်းမာရေးအတွက်ကောင်းမွန်ပါတယ်။ စိုးရိမ်ပူပန်မှု၊ စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးပြီး ညဖက်မှာ အိပ်ရေးဝဝအိပရစေမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

အသားအရ စိုပြေစေဖို့အတွက် လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ ချွေးထွက်တာက အသားအရေကို စိုပြေစေသလို ညဖက်မှာလည်းအသားအရေကို ပြုပြင်ပေးပါတယ်။