အမျိုးသမီးတိုင်း Eyeliner ဆိုးတာကို သဘောကျနှစ်သက်ကြပါတယ်။ Liner ဆိုးတဲ့နေရာမှာ သင့်ကို ရုပ်ဆိုးသွားစေတဲ့ အမှားလေးတွေရှိပါတယ်။ အဲဒီအမှားတွေကို ပြင်ဆင်နိုင်ဖို့ မျှဝေပေးသွားပါမယ်နော်။

၁။ အောက်ခံမလိမ်းဘဲ ဆိုးခြင်း

လိုင်နာမဆိုးခင်မှာ အောက်ခံတစ်ခုခု မလိမ်းဘဲ မဆိုးသင့်ပါဘူး။ အောက်ခံလိမ်းပြီးမှ လိုင်နာဆိုးတာဟာ အကောင်းဆုံးပါပဲ။

၂။ မျက်လုံးတစ်ခုလုံးကို မည်းနေအောင် ချယ်ခြင်း

လိုင်နာဆိုးရာမှာ မျက်လုံးတစ်ခုလုံးကို ပန်ဒါလိုမျိုး ဝိုင်းပြီး မချယ်သသင့်ပါဘူး။ အဲဒီလိုချယ်သတာဟာ သင့်မျက်လုံးကို ကျဉ်းစေသလို မလှလည်းမလှပါဘူးနော်။

၃ သင့်တော်တဲ့ ပစ္စည်းတွေကိုမသုံးခြင်း

ကိုယ်က လိုင်နာလည်း မဆိုးတတ်တော့ ဘေးတွေမှာမပေးဖို့အတွက် သင့်တော်တဲ့ ပစ္စည်းတွေကို အသုံးပြုပေးဖို့လိုအပ်ပါတယ်။ မဟုတ်ရင်တော့ လှပတဲ့ လိုင်နာဖြစ်ဖို့ အခက်တွေ့စေမှာပါ။

၄။ လိုင်နာဆိုးပြီးနောက်မှာ မျက်တောင်ကော့ခြင်း

လိုင်နာဆိုးပြီးတဲ့နောက်မှာ မျက်တောင်ကော့တံနဲ့ မျက်တောင်ကော့ပေးတာဟာ မကောင်းပါဘူး။ သင့်လိုင်နာလည်း ပျက်သွားနိုင်သလို လိုချင်တဲ့ ပုံစံလည်းရတော့မှာမဟုတ်ပါဘူး။

၅။ လိုင်နာအစိုကို မျက်လုံးအောက်မှာဆိုးခြင်း

လိုင်နာအစိုကို မျက်လုံးအောက်မှာဆိုးတာဟာ လိုင်နာ အလွယ်တကူ ပျက်စေနိုင်ပါတယ်။