မိတ်ကပ်ကြိုက်တဲ့အမျိုးသမီးတွေအတွက် မျက်လုံးချယ်သတာဟာလည်း အရေးပါလှပါတယ်။ မျက်လုံးချယ်သရာမှာ Eyeliner ဆိုးတာကလည်း တစ်ခုအပါအဝင်ပါ။ Eyeshadow မချယ်ရင်တောင် Liner ဆိုးလိုက်ရင်ပဲ လှနေပါပြီ။ Eyeliner ကို ဘယ်လိုလှအောင် ချယ်သမလဲဆိုတာနဲ့ပတ်သက်လို့အမျိုးသမီးတိုင်းအတွက် နည်းလမ်းကောင်းကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
၁။ မျက်လုံးချယ်သရာမှာ ပိုပြီးတာရှည်ခံစေဖို့ Eyeliner နဲ့ Eyeshadow ကို လိုက်ဖက်အောင် ချယ်သပါ
၂။ Liquid Liner မသုံးခင် Pencil Liner နဲ့ အရင်ဆုံး ဆိုးကြည့်ပါ
၃။ Eyeshadow မလိမ်းခင်မှာ သင့်မျက်ခွံတစ်ခုလုံးကို အဖြူရောင်နဲ့ အရင်ဆုံးဆိုးလိုက်ပါ။
၄။ သင့်မျက်ခွံက ဖောင်းဖောင်းလေးဖြစ်နေရင် (သို့) မျက်ရစ်မရှိတာမျိုးဖြစ်နေရင် Gel (သို့) Liquid Liner သုံးပေးပါ။
၅။ အဖြူရောင် Liner ကို မျက်ခုံးမွှေးအပေါ်အောက်မှာ ဆိုးပေးပြီး Lighter အနေနဲ့ သုံးနိုင်ပါတယ်။
၆။ ခဲတံ Liner ကို မီးအပူပေးလိုက်ပြီး ဆိုေးပးရင် ပိုပြီး အရောင်ထွက်ပါတယ်။
၇။ Liner ဆိုးလို့ပေသွားရင် နားဂျက်တံမှာပါတဲ့ ဝါဂွမ်းပေါ်မှာ Primer (သို့) Vaseline Petroleum Jelly လိမ်းပေးလိုက်ပြီး ဖျက်ပေးနိုင်ပါတယ်။
၈။ ဇွန်းကိုဒီလိုသုံးပြီး Liner ဆိုးလို့ရပါတယ်။
၉။ Smokey ပံစံမျိုးရချင်ရင် သင့်မျက်လုံးဒေါင့်နားမှာ မျက်ခုံးဆွဲတံကို အခုလိုမျိုး လုပ်ပေးလိုက်ရင် ချယ်သလို့ရပါပြီ။
၁၀။ မျက်လုံးဒေါင့်နားမှာ တိပ်အကြည်ကပ်ပြီး လိုင်နာဆိုးပေးနိုင်ပါတယ်။