ချစ်သူနှစ်ဦးဆက်ဆံရေးမှာ တခါတလေ ဘာမှမဖြစ်ဘူးလို့ထင်ရပေမယ့် သင်တို့နှစ်ယောက်အချစ်ရေးအတွက် ထိခိုက်နာကျင်စရာဖြစ်စေတဲ့ အမူအကျင့်တွေကို မျှဝေပေးချင်ပါတယ်။

ရန်ဖြစ်ဖို့ စိတ်အားထက်သန်ကြတယ်

တခါတလေမှာ ချစ်သူနှစ်ယောက်လုံး ရန်ဖြစ်ဖို့ စိတ်အားထက်သန်ကြပါတယ်။ မကြာခဏဆိုသလို ရန်ဖြစ်လေ့ရှိကြတယ်။ သူစိတ်မဆိုး ဆိုးအောင် ရန်စလေ့ရှိတယ်။ ရန်မဖြစ်ရင် မနေတတ်ဘူးဖြစ်တာဟာ သင်တို့နှစ်ယောက်ဆက်ဆံရေးအတွက်မကောင်းပါဘူး။

သူ့ဆီကအမှတ်ရအောင်လုပ်တယ်

သူ့ဆီက အမှတ်ပိုပိုပြီးရအောင် သင့်ဖက်က ဖားပြီး အစစအရာရာလုပ်ပေးရတာဟာလည်း မကောင်းပါဘူး။ နောက်တချိန် သင်မလုပ်နိုင်တော့တဲ့အခါ သူ့ကိုအရင်လိုမချစ်တော့ဘူးလို့ ထင်လာစေပါတယ်။

လုံးဝရန်မဖြစ်ဘူး

ရန်ခဏခဏဖြစ်တာလည်း မကောင်းသလို ရန်လုံးဝမဖြစ်တာလည်းမကောင်းပါဘူး။ ရန်လုံးဝမဖြစ်တာဟာလည်း သင်တို့နှစ်ယောက်ရဲ့အချစ်ရေးမှာ အဖုအထစ်တွေဖြစ်စေပြီး မကောင်းတဲ့ခံစားချက်တွေ ရေရှည်သိုသိပ်ထားရင် နောက်တခါ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ ထပြီးပြတ်ကြ ကွဲကြဖြစ်တတ်ပါတယ်။

သင့်ဘဝပြည့်စုံဖို့အတွက် သူရှိမှဖြစ်မယ်လို့ထင်တယ်

သင့်ဘဝ ပြီးပြည့်စုံဖို့အတွက် အနားမှာ သူရှိပေးမှဖြစ်မယ်လို့ သင်ထင်မြင်ယူဆနေတာဟာလည်း သင့်အတွက်မကောင်းပါဘူး။ တစ်ယောက်ယောက်အပေါ် မှီခိုအားထားလွန်းတာဟာ သူ့အတွက် မကောင်းသလို၊ သင့်ကိုလည်း အားနည်းတဲ့သူတစ်ယောက် ဖြစ်လာစေပါတယ်။

သဝန်တိုလွန်းခြင်း

ချစ်ခြင်းဟာ သဝန်တိုမှုတွေနဲ့ မကင်းပါဘူး။ အဆင်ပြေနေတဲ့အချိန် ကိစ္စမရှိပေမယ့် နောက်တခါ သူကိုယ့်ကို နည်းနည်း စိတ်ကုန်နေတဲ့အချိန်ဆိုရင် သဝန်တိုလွန်းတာဟာလည်း လမ်းခွဲရတဲ့အကြောင်းရင်းတစ်ခု ဖြစ်သွားနိုင်ပါတယ်။ သင့်လိုပဲ သင့်ချစ်သူက လွတ်လပ်မှုကို မြတ်နိုးတဲ့သူပါ။

အွန်လိုင်းသုံးတာကို စောင့်ကြည့် ကန့်သတ်ခြင်း

ချစ်သူမှာလည်း သူ့သူငယ်ချင်းတွေနဲ့ ဆက်သွယ်ပြောဆိုဖို့ အွန်လိုင်းသုံးဖို့လိုအပ်ပါတယ်။ ကိုယ်မရှိတဲ့အချိန် အွန်လိုင်းမသုံးရဘူးဆိုတာမျိုး ကန့်သတ်တာဟာ သင့်ချစ်သူရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ဟန့်တားသလို ဖြစ်စေပါတယ်။