RS တစ်ခု အဆုံးသတ်သွားပြီဆိုရင် ငါတို့ သူငယ်ချင်းလိုပဲ ဆက်ပြီးနေသွားနိုင်မလားဆိုတဲ့ မေးခွန်းကို သင်ကြုံတွေ့ရမှာပါ။ Oakland တက္ကသိုလ် စိတ်ပညာပါမောက္ခ Justin Mogliski နဲ့ Kisa Welling က လေ့လာမှုပြုလုပ်ခဲ့ပြီး သူငယ်ချင်းအဖြစ် ဘာလို့ဆက်မနေသင့်သလဲဆိုတဲ့ အကြောင်းပြချက်ကို တွေ့ရှိခဲ့ပါတယ်။

သူငယ်ချင်းအဖြစ် ဆက်နေချင်တဲ့သူတွေဟာ ဘယ်လိုသဘောထားတွေရှိသလဲဆိုတာ ကြည့်လိုက်ရအောင်။

သူတို့ဟာ အခွင့်အရေးလိုချင်တယ်

သုတေသနပြုချက်အရ သူငယ်ချင်းအဖြစ်ဆက်ရှိချင်နေကြတဲ့သူတွေဟာ သင့်ဆီကနေ တခုခုကို လိုချင်နေသေးလို့ဖြစ်ပါတယ်။ တစ်ခုခုဆိုတာ အရာရာတိုင်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သူငယ်ချင်းအဖြစ် ဆက်မနေသင့်ပါဘူး။

သင့်အနာဂတ်အချစ်ရေး ပျက်စီးနိုင်တယ်

ရည်းစားဟောင်းနဲ့ သူငယ်ချင်းလို ဆက်နေတာ ဘာမှမဖြစ်ဘူးလို့ သင်တွေးမိကောင်းတွေးမိမှာဖြစ်ပေမယ့် သင်နောက်ထပ် အချစ်သစ် ရည်းစားသစ်ရသွားတဲ့အခါမှာ သင့်အတွက် များစွာအနှာင့်အယှက်ဖြစ်စေနိုင်သလို သင်တို့နှစ်ယောက် အချစ်ရေးကိုတောင် ပျက်စီးစေနိုင်ပါတယ်။

သင့်ကို ထိန်းချုပ်ချင်တယ်

လေ့လာတွေ့ရှိမှုအရ ရည်းစားဟောင်းကို သူငယ်ချင်းအဖြစ်ဆက်နေချင်သူဟာ သင့်အပေါ် ထိန်းချုပ်မှုတွေ လုပ်ချင်သေးလို့ဖြစ်ပါတယ်။

လက်စားချေချင်တယ်

သုတေသနပြုချက်အရ သူငယ်ချင်းအဖြစ် ဆက်နေချင်တဲ့သူတွေဟာ လက်စားချေချင်ကြတဲ့သူတွေများတယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ကြပါတယ်။ သင်လုပ်ဆောင်မှုတိုင်းကို အရိပ်လိုစောင့်ကြည့်ချင်ပြီး အခွင့်အရေးရရင် လက်တုံ့ပြန်ဖို့ဖြစ်ပါတယ်။