လူတွေမှာ လက်သည်းပုံစံအမျိုးမျိုးရှိကြပါတယ်။ တချို့က လက်သည်းခွံ ကျယ်ပြီးလေးထောင့်ဆန်တယ်၊ တချို့က လက်သည်းခွံကျဉ်းပြီးသေးတယ်။ စသဖြင့်ပေါ့လေ။ ဆိုတော့ စာဖတ်သူတို့ရဲ့ လက်သည်းပုံစံကကော ဘယ်လိုပါလဲ။ ကိုယ့်လက်သည်းပုံစံလေးကိုကြည့်ပြီး ကိုယ့်ရဲ့ စိတ်နေသဘောထားက ဒီလိုဟုတ်မဟုတ် တချက်လောက် ကြည့်လိုက်ရအောင်နော်။
၁။ လက်သည်းခွံကျယ်တယ်၊ ရှည်တယ်၊ စတုဂံပုံစံရှိတယ်
ဒီလိုလက်သည်းခွံပုံစံမျိုးက တည်ငြိမ်တဲ့သူတွေဖြစ်ကြပါတယ်။ လက်တွေ့ကျပြီး၊ မျှမျှတတတွေးခေါ်တတ်တဲ့သူဖြစ်တယ်။ စိတ်သဘောထားကြီးပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့သူဖြစ်ပါတယ်။ သူတို့ဟာ ယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်ပြီး သူတို့ပြောတဲ့စကား၊ လုပ်ဆောင်မှုနဲ့ပတ်သက်လို့ တာဝန်ယူမှုလည်းရှိကြပါတယ်။ ခေါင်းဆောင်ကောင်းတွေပေါ့ရှင်။
၂။ လက်သည်းခွံသေးပြီး လေးထောင့်ဆန်တယ်
သင်ဟာ ထက်မြတ်တယ်၊ flexible ဖြစ်တယ်။ လူတွေနဲ့ သင့်တင့်မျှတအောင်ပေါင်းတတ်တယ်။ ဒေါသထွက်ပေါက်ကွဲတတ်တဲ့သူဖြစ်တယ်။ လောဘနည်းနည်းကြီးတယ်၊ သဝန်တိုတတ်တဲ့သဘောရှိပါတယ်။
၃။ လက်သည်းခွံကျဉ်းပြီး ရှည်တယ်။
သင်ဟာ ကိုယ့်ကိုကိုယ် ဦးစားပေးတတ်တဲ့သဘောရှိတယ်။ အထက်တန်းကျကျ နေရတာသဘောကျတဲ့သူတွေဖြစ်ပါတယ်။ အငြိုးလည်းကြီးတတ်ပါတယ်။
၄။ လက်သည်းခွံဝိုင်းဝိုင်း ပုပုပုံ ရှိတယ်
သူတို့တွေဟာ စိတ်သိပ်မရှည်တတ်တဲ့သူဖြစ်တယ်။ တစ်ခုခုဆို မြန်မြန် လုပ်ချင်တယ်။ စိတ်မြန်လက်မြန်ရှိတယ်။ သူတို့ခံယူချက်နဲ့သူတို့ ကြိုးစားချင် စိတ်ရှိကြတဲ့သူတွေဖြစ်ပါတယ်။
၅။ လက်သည်းခွံချွန်ချွန်
နူးညံ့သိမ်မွေ့တယ်၊ Romance ဆန်ပြီး စိတ်ကူးတီထွင်ဉာဏ်ကောင်းတဲ့သူဖြစ်ပါတယ်။ သူတို့ဟာ တခြားသူအတွက် လုပ်ပေးရတာကိုနှစ်သက်တယ်။ စိတ်ကူးယဉ်ဆန်ပြီး နူးညံ့သိမ်မွေ့တယ်။
၆။ တြိဂံပြောင်းပြန်ပုံစံလက်သည်းခွံ
သင်ဟာ အနုပညာဆန်တယ်။ စိတ်အပြောင်းအလဲမြန်တတ်တဲ့သူဖြစ်ပါတယ်။ နူးညံ့စိမ်မွေ့တဲ့ သဘောထားရှိတယ်။ သူတို့ဟာ အသိအမှတ်ပြုခံချင် ကြပြီး ကျော်ကြားလိုတဲ့သူဖြစ်တဲ့အပြင် ဆုံးရှုံးရမှာကို ရွံမုန်းတဲ့သူဖြစ်ပါတယ်။