အသက် ၃၀ ပြည့်ပြီးလား။ မပြည့်သေးဘူးလား။ ပြည့်ပြည့် မပြည့်ပြည့် ဒါလေးတွေကို လိုက်နာပေးမယ်ဆိုရင် သင့်ဘဝရဲ့ အနာဂတ်မှာ ကျန်းမာ ပျော်ရွှင်တဲ့ဘဝကို ရရှိပိုင်ဆိုင်လာမှာပါ။ ကျန်းမာခြင်းရဲ့ တန်ဖိုးကို ဖျားနာတဲ့သူတွေမှ နားလည်ကြသလို သန်မာခြင်း၊ စိတ်သွားတိုင်း ကိုယ်ပါခြင်း ဆိုတဲ့အဓိပ္ပာယ်ကိုလည်း အသက်ကြီးမှ အပြည့်အ၀ နားလည်ကြပါတယ်။

အနာဂတ်ကျန်းမာရေးအတွက် အခုကတည်းက ဒါလေးတွေ လိုက်လုပ်ထားရအောင်ပါ။ လုပ်ပေးရမယ့် အရာလေးတွေက နည်းနည်းများတော့ အပိုင်း ၂ ပိုင်းခွဲပြီး မျှဝေပေးသွားမယ်နော်။

၁။ ဆေးလိပ်ဖြတ်လိုက်ပါ။

ဆေးလိပ်သောက်တာကို ရပ်လိုက်ပါ။ ဆေးလိပ်ဟာ သင့်ကိုယ်သင်သာမက ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေပါတယ်။ ဆေးလိပ်သောက်တာကြောင့် နှစ်စဉ် လူပေါင်း ၄ သိန်းကျော်အသက်ဆုံးရှုံးရတယ်လို့ သုတေသနတွေမှာ ဖော်ပြထားပါတယ်။

၂။ သရေစာတွေ ရှောင်လိုက်ရအောင်။

အသက် ၂၀၊ ၃၀ ၊ ၄၀ အရွယ်မှာ သင်ဟာ ဝင်ငွေရှာလို့အကောင်းဆုံးအချိန်ပါ။ ဒါ့ကြောင့် သင်လုပ်ချင်တဲ့အရာတွေကို လုပ်ထားနိုင်ပါတယ်။ ဒါပေမယ့်လည်း ကျန်းမာခြင်းကို ငွေနဲ့ဝယ်ယူလို့မရပါဘူး။ သရေစာတွေ၊ အသင့်စားအစားအစာတွေ၊ အကင်တွေကို ရှောင်လိုက်ရအောင်နော်။

၃။ မိသားစု ဆက်ဆံရေးကို ထိန်းသိမ်းရအောင်။

မိသားစုဆိုတာ ကျွန်မတို့အတွက် ခွန်အားပါပဲ။ မိသားစုကို အချိန်ပေးပါ။

၄။ Suncreen လိမ်းပေးပါ။

အသက်ကြီးလာပေမယ့် အရွယ်တင်နုပျိုနေစေဖို့ အခုကတည်းက နေလောင်ဒဏ်ကာကွယ်ပေးတဲ့ Lotion တွေလိမ်းလိုက်ရအောင်။

၅။ လေ့ကျင့်ခန်းပုံမှန်လုပ်ကြမယ်။

ကျန်းမာရေးအတွက်နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းလုပ်ကြရအောင်လားရှင်။ ကိုယ်အလေးချိန်လည်းမတက်စေဘဲ သင့်ကို ကျန်းမာစေမယ့် လေ့ကျင့်ခန်းခန်း လုပ်ရမှာကို ဘာလို့ပျင်းနေရတာလဲ။

၆။ ပိုက်ဆံစုပါ။

အသက်ကြီးတဲ့အခါ သင့်ကျန်းမာရေး အသုံးစရိတ်အတွက်ပဲဖြစ်ဖြစ်၊ ကိုယ်ပျင်းလာတဲ့အခါ တစ်ခုခု လုပ်ဖို့၊ လိုလို့ပဲဖြစ်ဖြစ် အသုံးပြုနိုင်ဖို့ အခုကတည်းက ပိုက်ဆံကို ကြိုစုထားလိုက်ရအောင်နော်။ ငွေတွေ၊ စိန်တွေ စုထားတာလည်း တန်ဖိုးရှိပါတယ်။

၇။ ပျော်ရွှင်တတ်ပါစေ။

အခုကတည်းက ပျော်ရွှင်တတ်အောင်ကြိုးစားပါ။ ပျော်ပျော်နေတယ်ဆိုတာ သင့်ကို ပိုပြီး အောင်မြင်မှုရစေမှာပါ။ ပျော်တတ်တဲ့သူဟာ ပိုပြီး ချမ်းသာကြပါတယ်။

၈။ ပန်းတိုင်အတွက် ဘာလို့ အချိန်ဆွဲနေမှာလဲ။

ကိုယ်တစ်ခုခုလုပ်မယ်ဆိုရင် အချိန်ဆွဲမနေပါနဲ့။ စွန့်စားရမှာမကြောက်ပါနဲ့။ အတွေ့အကြုံသစ်တွေကို မကြောက်ပါနဲ့။ ကိုယ့်ဘဝပန်းတိုင်ရောက်ဖို့ ဘာလို့ အချိန်ဆွဲနေဦးမှာလဲ။

၉။ အိပ်လိုက်စမ်းပါ။

စက္ကန့် ၆၀အတွင်း အိပ်မောကျစေမယ့် နည်းလမ်း ၂ သွယ်

အိပ်ရေး၀၀ အိပ်လိုက်စမ်းပါ။ ငယ်တုန်း အိပ်ထားလိုက်ပါ။ အသက်ကြီးလာရင် အိပ်ရေးမဝတာ အိပ်လို့မပျော်တာတွေဖြစ်လာစေပါတယ်။ အိပ်ရေး၀၀အိပ်တာဟာ သင့်ကို ကျန်းမာစေပြီး အသားအရေကို ပိုမိုကောင်းမွန်စေပါတယ်။