နိုင်ငံတကာက အလှအပရေးရာမဂ္ဂဇင်းတွေရဲ့လေ့လာသုံးသပ်ချက်တွေအရဆိုရင်တော့ ဒီဖက်ရှင် (၅)မျိုးနဲ့ ကောင်မလေးတွေကို ယောကျ်ားလေးတွေက သာမန်မိန်းကလေးတွေထက် ပိုပြီးတော့ သဘောကျတတ်ကြပါတယ်။ ကိုယ် သဘောကျနေတဲ့ ကောင်လေးဆီက စိတ်ဝင်စားမှုကို မြန်မြန်ပြန်ရချင်ရင်တော့ ဒီဖက်ရှင် (၅)မျိုးကို သိထားသင့်ပါတယ်။

၁။ ဒေါက်မြင့်ဖိနပ်

Source: The Cheat Sheet

သာမန် Slipper တရံစီးထားတဲ့အချိန်နဲ့ High Heels စီးထားတဲ့အချိန် ခံစားရတဲ့ ခံစားချက်ချင်းတောင် မတူဘူးဆိုတာ ဒေါက်မြင့်ဖိနပ်ချစ်သူပျိုမေတို့ အသိဆုံးဖြစ်မှာပါ။ ဒေါက်ဖိနပ်စီးတဲ့ဖက်ရှင်ဟာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပြီး ရဲဝင့်တဲ့အသွင်လည်းဖြစ်စေတာမို့ ပျိုမေတို့ကို အမျိုးသားတွေ ပိုပြီးသဘောကျစေမယ်ဆိုတာဟာ အဆန်းတော့မဟုတ်ပါဘူး။

၂။ အနီရောင်ဝတ်စုံ

Source: elcorteingles.es

အခြားသာမန်ဝတ်စုံအရောင်တွေထက် အနီရောင်ရှိတဲ့အဝတ်အစားတွေဟာ ပျိုမေတို့ကို ပိုပြီးဆွဲဆောင်မှုရှိစေမှာဖြစ်ပါတယ်။ ကိုယ့်ချစ်သူကောင်လေးနဲ့ First Date မှာ အရွေးချယ်သင့်ဆုံးအရောင်လည်းဖြစ်ပေမယ့် အနီရောင်ဝတ်စုံတွေဟာ ဒီအတိုင်းကို ဆွဲဆောင်မှုရှိနေတဲ့အရောင်ဖြစ်တာမို့ အဝတ်အစားဒီဇိုင်းကို ရွေးချယ်တဲ့အခါမှာ တိုပြတ်ပြီး ဟော့လွန်းတဲ့အဝတ်အစားမျိုးမဖြစ်အောင်တော့ ဂရုစိုက်ရွေးချယ်ဖို့ အကြုံပြုချင်ပါတယ်။

၃။ အနက်ရောင်အဝတ်အစား

Source: Lulus

အနီရောင်လိုပဲ အမျိုးသားတွေကိုဆွဲဆောင်နိုင်မယ့် နောက်ထပ်ဖက်ရှင်တခုကတော့ အနက်ရောင်အဝတ်အစားဖက်ရှင်တွေပါ။ တောက်ပတဲ့အနီရောင်က လူအများကြားထင်ရှားစေတာမို့ ပုရိသတွေရဲ့စိတ်ဝင်စားမှုကိုရရှိစေနိုင်ပြီး အနက်ရောင်ဖက်ရှင်ကတော့ ပျိုမေတို့ကို တည်ငြိမ်ပြီးခမ်းနားတဲ့အလှတရားကိုပေးနိုင်ပါတယ်။

၄။ လက်ပြတ်အင်္ကျီတွေ

Source: Just The Design

ပျိုမေတို့ရဲ့ဆင်စွယ်လိုဖြောင့်စင်းဝင်းပတဲ့ လက်မောင်းသားအလှကို လှစ်ဟဖော်ပြပေးနိုင်တဲ့ လက်ပြတ်အင်္ကျီနဲ့ လက်ပြတ်ဂါဝန်တွေဟာလည်း ဆန့်ကျင်ဖက်လိင်တွေကို သဘောကျနှစ်သက်စေတဲ့ ဖက်ရှင်ထဲမှာပါဝင်နေပါတယ်။

၅။ Body-Con Dress

Source: furmantransformation.com

Body-Con Dress လို့ ခေါ်တဲ့ ကိုယ်လုံးနဲ့ကွက်တိဝတ်စုံတွေဟာ ပျိုမေတို့ရဲ့ ခန္ဓာကိုယ်ကောက်ကြောင်းကို ထင်းခနဲပေါ်လွင်စေတာမို့ ဆွဲဆောင်မှုအရှိဆုံးဖက်ရှင်ဖြစ်ပါတယ်။ နယူးဇီလန်က လေ့လာတွေ့ရှိချက်တွေအရ အမျိုးသားတွေဟာ သဲနာရီပုံစံ Body Shape မျိုးရှိတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းပိုင်ရှင် အမျိုးသမီးတွေကို ပိုပြီးနှစ်သက်ကြတယ်လို့ သိရပါတယ်။ Body-Con ဝတ်စုံဟာ ခါးကိုသေးသွယ်တဲ့အသွင်မျိုးဖြစ်စေတာမို့ အမျိုးသားတွေကို ဆွဲဆောင်နိုင်မယ့် ဖက်ရှင်တခုဖြစ်နေတာပါ။

ပျိုမေတို့အတွက် ဒီဖက်ရှင် (၅)မျိုးကတော့ ကိုယ်စိတ်ဝင်စားနေတဲ့ အမျိုးသားဆီက စိတ်ဝင်စားမှုကို အချိန်ခဏလေးနဲ့ ရရှိနိုင်မယ့် ဖက်ရှင်လေးတွေပဲဖြစ်ပါတယ်။