အမျိုးသမီး အများစုက ဓမ္မတာဖြစ်ချိန်မှာ နာကျင်မှုကို ခံစားရပေမယ့် ထုတ်ဖော်ပြောသင့်တဲ့ အရာတစ်ခုမဟုတ်ဘူးလို့ ယူဆထားတာကြောင့် ထုတ်ပြောလေ့မရှိပါဘူး။ အခုနောက်ပိုင်းမှာတော့ ဓမ္မတာ လာတဲ့ ရက်ကို အလုပ်ကနေ ခွင့်ပေးဖို့တောင် တောင်းဆိုပြီး ခွင့်ပြုနေကြပါပြီ။
ဓမ္မတာ လာတဲ့အခါမှာ အမျိုးသမီး အများစုက နာကျင်ကြပါတယ်။ အများအားဖြင့် အနာသက်သာစေတဲ့ ဆေးတွေကိုပဲ သုံးကြတာများပါတယ်။ ဒါကြောင့် သဘာဝနည်းနဲ့ နာကျင်မှုတွေ ပျောက်ကင်းစေမယ့် နည်းကို မျှဝေပေးချင်ပါတယ်။
နာကျင်တဲ့နေရာကို ရေနွေးပူအိတ်ကပ်ပေးပါ
ပူတာက ကြွက်သားတွေ တင်းမှု၊ နာကျင်မှုကို သက်သာစေပါတယ်။ သားအိမ်ရဲ့ ကြွက်သားတွေ တင်းမှုကြောင့် ဓမ္မတာ နာကျင်တာတွေဖြစ်တာကြောင့် နာကျင်တဲ့နေရာကို ရေနွေးပူအိတ်ကပ်ပေးပါ။ အထူးသဖြင့် ချက်အောက်ပိုင်းဗိုက်ကို ကပ်ပေးပါ။
လေ့ကျင့်ခန်း လုပ်ပေးပါ။
နာနေတဲ့ကြားက ဘယ်လို လေ့ကျင့်ခန်းလုပ်နိုင်မလဲလို့ တွေးမိပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဓမ္မတာ နာကျင်မှုတွေက တခါတလေ အိပ်ရာကနေ မထနိုင်အောင် နာကျင်တတ်ပါတယ်။ ဒါပေမယ့် အဆင်ပြေရင် လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းက လုပ်ရင် ခန္ဓာကိုယ်က Endorphins ဓာတ်ကို ထုတ်လွှတ်တာကြောင့် နာကျင်မှုတွေကို သက်သာစေပါတယ်။
ဗီတာမင် D ကို ပိုစားပါ။
Source: thesseconomy.gr
သုတေသနတွေအရ ဓမ္မတာ နာကျင်မှုတွေနဲ့ ဗီတာမင် D တို့က ဆက်စပ်မှုရှိပါတယ်။ အကယ်၍ ခန္ဓာကိုယ်ထဲမှာ ဗီတာမင် D တွေများနေရင် နာကျင်မှုတွေ သက်သာစေပါတယ်။ အီတလီမှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ ဓမ္မတာ လာချိန်မှာ ဗီတာမင် D လုံလုံလောက်လောက်ရှိနေတဲ့ အမျိုးသမီးတွေက အရင်က နာကျင်မှုတွေထက် ၄၁ ရာခိုင်နှုန်းလောက်ေ လျာ့ကျသွားပါတယ်။
နို့ထွက်ပစ္စည်းများ၊ လိမ္မော်ရည်၊ ပဲနို့၊ ကြက်ဥ၊ တူနာငါး၊ ဆယ်မွန်ငါးစတာတွေ စားပေးရမှာဖြစ်ပါတယ်။
ဂျင်း
Source: migrainekey.com
ဂျင်းက အထူးသဖြင့် ဓမ္မတာ လာချိန်မမှန်မှုကြောင့် နာကျင်ကိုက်ခဲမှုတွေကို ပျောက်စေပါတယ်။ ဓမ္မတာ လာချိန်မမှန်တာလည်း မှန်အောင်လုပ်နိုင်စွမ်းရှိပါတယ်။ ဂျင်းကို သေးသေးလေးတွေ လှီးပြီး ပြုတ်လိုက်ပါ။ အရသာကောင်းအောင် ပျားရည်နဲ့ သံပုရာသီး ထည့်ပြီး သောက်လို့ရပါတယ်။