ကြည့်လိုက်ရင် သိပ်ပြီးအထွေအထူးမပြင်ဆင်ထားပါပဲ အမြဲကျော့ရှင်းလှပနေတဲ့ အမျိုးသမီးတချို့ဟာ ဘာကြောင့်ဒီလောက် Flawless ဖြစ်နေသလဲ။ သူတို့ဘာတွေလုပ်ထားလို့ ဆိုတာထက် ဘာတွေကိုမလုပ်ပဲ ရှောင်ကြဉ်လို့ ဒီလောက်လှနေကြတာလဲ၊ ဒီလိုအပြစ်ကင်းစင်တဲ့အလှမျိုးကို ပိုင်ဆိုင် ထားကြလဲဆိုတာကို နိုင်ငံခြားဝက်ဘ်ဆိုက်တခုက အောက်ပါအတိုင်းဖော်ပြထားပါတယ်။

– သူတို့ဟာ သဘာဝဆန်တဲ့ မိတ်ကပ်ပြင်ဆင်မှုမျိုးကိုသဘောကျကြတာမို့ Foundation အရောင်တွေကို ရွေးချယ်တဲ့အခါမှာ မျက်နှာနဲ့ လည်ပင်းကို အသားရောင်ကွာအောင် ဘယ်တော့မှ မလိမ်းခြယ်ကြပါဘူး။

– မျက်ခုံးမွှေးကို လိုတာထက်ပိုရိတ်ပြီး အလွန်အကျွံပုံဖော်ခြင်းမျိုးကို မလုပ်ကြပါဘူး။

– Natural Look ကို သဘောကျတဲ့သူတွေဖြစ်တာကြောင့် နှာတံ နဲ့ ပါးရိုးတွေကို ပေါ်လွင်အောင် Contouring လုပ်ထားခြင်းမျိုး တွေ့ရမှာမဟုတ်ပါဘူး။

– သူတို့ဟာ မျက်နှာအသားအရေကို အထူးဂရုစိုက်ကြတဲ့သူတွေ ဖြစ်တာမို့ မိတ်ကပ်တွေပြောင်စင်အောင် ဖျက်ပြီးမှ အိပ်ရာဝင်တတ်ကြပါတယ်။ မိတ်ကပ်မဖျက်ဘဲ ဘယ်တော့မှ အိပ်လေ့မရှိကြပါဘူး။

– သဘာဝကျတဲ့ဆံပင်ပုံစံကိုပဲ နှစ်သက်တတ်ကြတာကြောင့် ဆံပင်တွေကို အလွန်အကျွံအပူပေးပြီး ပုံသွင်းတာမျိုးကို ရှောင်ကြပါတယ်။

– လက်သည်းဆိုးဆေးတွေအရောင်တဝက်တပျက်ဖြစ်နေတာမျိုး ဘယ်တော့မှတွေ့ရလေ့မရှိပါဘူး။

– နှုတ်ခမ်းနီဆိုးတဲ့ အခါမှာ သေသေသပ်သပ်နဲ့ ဘေးကိုပေကျံအောင်ဆိုးတာမျိုး မရှိရအောင် ဆိုးတတ်ကြပါတယ်။

ဒါတွေကတော့ အမြဲကျော့ရှင်းလှပနေတဲ့အမျိုးသမီးတွေရဲ့အလှလျို့ဝှက်ချက်တွေပဲဖြစ်ပါတယ်။