မိုးရာသီမှာ ခေါင်းလျှော်မယ်ဆို တခြားအချိန်တွေထက် ပိုပြီးဂရုစိုက်ရပါတယ်။ မဟုတ်ရင် မိုးရာသီက စိုထိုင်းစများလွန်းတာမလို့ ဆံပင်ကျွတ်တာ ၊ ဉီးရေပြားမှိုဆွဲတာ ၊ frizz ဖြစ်တာ စတဲ့ ဆံပင်ပြဿနာတွေလည်း အမျိုးမျိုးဖြစ်လာနိုင်ပါတယ်။ ဒီလိုပြဿနာတွေကိုဖြေရှင်းဖို့ မိုးရာသီမှာမရှိမဖြစ်လိုအပ်တာက Hair Dryer ပါ။
ဒါတွေကတော့ မိုးရာသီမှာ Hair Dryer မဖြစ်မနေ သုံးပေးသင့်တဲ့အချက်တွေပါ။
မိုးရာသီမှာခေါင်းလျှော်တဲ့အခါ သဘာဝအတိုင်းခြောက်ဖို့က တခြားအချိန်တွေထက် ပိုကြာနိုင်တာကြောင့် အအေးမိတာ ၊ ခေါင်းကိုက်တာ စတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်ပါတယ်။
မိုးရာသီမှာ ဉီးရေပြားက စိုစွတ်နေတတ်တာကြောင့် မှိုနဲ့ ဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားလာပြီး ဗောက်ပိုဖြစ်လေ့ရှိပါတယ်။ ဒါကိုကာကွယ်ဖို့ Hair Dryer ကိုသုံးပေးရင် ဦးရေပြားကို ခြောက်သွေ့ကျန်းမာစေပြီး အရေပြားယားယံခြင်းနဲ့ ပိုးဝင်ခြင်းအန္တရာယ်မှ ကင်းဝေးစေပါတယ်။
Ionic Hair Dryer တွေက ဆံသားကို မြန်မြန်ခြောက်စေတဲ့အပြင် ဆံသားရဲ့ကျန်းမာရေးကိုလည်း ဂရုစိုက်ပေးနိုင်တယ်။ အစိုဓာတ်ထိန်းထားနိုင်ပြီး ဆံသားကို တောက်ပြောင်ချောမွေ့နေစေဖို့ ကူညီပေးပါတယ်။
မိုးရာသီမှာ စိုစွတ်မှုကြောင့် ဆံသားတွေက ကပ်နေတာ အထူးသဖြင့် ဆံလုံးသေးပြီး ဆံပင်ပါးတဲ့အမျိုးသမီးတွေမှာ အဖြစ်များတာကြောင့် Curl Brush ပါတဲ့ Hair Dryer မျိုးကို ရွေးချယ်သုံးပေးဖို့ လိုအပ်ပါတယ်။