အရာရာပြောင်းလဲနေတဲ့ခေတ်ကြီးထဲမှာ ဖက်ရှင်ကလည်း အမြဲပြောင်းလဲနေတာမလို့ တစ်ချိန်က လူကြိုက်များခဲ့တဲ့ဖက်ရှင်တွေက ခုချိန်မှာ ကြိုက်ဖို့ဆိုတာ မသေချာတော့ပါဘူး။ သင်က အမြဲခေတ်စားနေတဲ့ဖက်ရှင်ကိုစိတ်ဝင်စားတဲ့သူဆိုရင် 2025 မှာ ဒီ Fashion Pieces တွေကို နှုတ်ဆက်ဖို့အချိန် ရောက်လာပါပြီ။

1. Tight Cycling Shorts

အချိန်တော်တော်ကြာအောင် လူကြိုက်များခဲ့တဲ့ cycling shorts တွေထက် 2025 မှာတော့ ကျက်သရေရှိပြီး သက်တောင့်သက်သာ ဖြစ်စေတဲ့ သဘာဝ ချည်ထည်တွေ ၊ Linen Bermuda Shorts တွေနဲ့ Lightweight ဖြစ်တဲ့ Mid-length Shorts တွေက လူကြိုက်များလာပါတယ်။

2. Crop top

လုံးဝ Hot ဖြစ်ခဲ့တဲ့ Crop top ထက် အခုနောက်ပိုင်း ကောင်မလေးတွေကြားမှာ အတွေ့များပြီး ခေတ်စားလာတာက Sleeveless Shirts တွေ ၊ လက်ပြတ်အင်္ကျီတွေနဲ့ Sophisticated cuts ပုံစံ Top တွေပါ။

3. Fur slippers

သားမွေးဖိနပ်ပုံစံ Fur Slippers ထက်စာရင် Leather Sandals နဲ့ Retro Clogs တွေက ပေါ့ပါးမှု၊ သက်တောင့်သက်သာရှိမှုတွေကြောင့် 2025 မှာတော့ လူအများကြားမှာ ရေပန်းစားလာခဲ့ပါတယ်။

4. Neon colors

အရင်ကခေတ်စားခဲ့တဲ့ Neon Pink ၊ Lime Green နဲ့ Electric Orange တို့လို အရောင်တွေအစား ဖက်ရှင်ခေတ်ရေစီးကြောင်းအသစ်များအရ pastel အရောင်များ ၊ မြေနီရောင်နဲ့ အပြာရောင်ဖျော့ဖျော့တို့ဟာ ဆွဲဆောင်မှုရှိတဲ့အရောင်များ ဖြစ်လာခဲ့ပါတယ်။

5. Clothing with large brand names

တံဆိပ်တွေ ကြီးစိုးတဲ့ နေ့ရက်တွေ ကုန်ဆုံးသွားပါပြီ။ အသေးစိတ်အချက်အလက်တွေကို အနီးကပ်ကြည့်မှသာ သတိထားမိနိုင်တဲ့ လိုဂိုကို အလေးပေးမှုနည်းလာတဲ့ဒီဇိုင်းတွေက 2025 မှာ ခေတ်မီဆန်းသစ်တဲ့ဖက်ရှင်တစ်ခု ဖြစ်လာခဲ့ပါတယ်။