အရွယ်ရောက်လို့ လုပ်ငန်းခွင်ဝင်ကြတဲ့အခါ ပြိုင်ဆိုင်မှုတွေများလွန်းတာကြောင့် အလုပ်ကြိုးစားကြရင်း လူတော်တော်များများဟာ Workaholic ဖြစ်မှန်းမသိ ဖြစ်လာကြပါတယ်။ တနင်္ဂနွေနဲ့ အားလပ်ရက်တွေမှာတောင် မနားဘဲ အလုပ်မှအလုပ်ဘဲဖြစ်နေတဲ့အါ အလုပ်နဲ့ဘဝ ဟန်ချက်မညီတော့ဘဲ ကိုယ်ပိုင်ဘဝကိုပါ ထိခိုက်လာနိုင်ပါတယ်။
ဒါဆို workaholism ကို ကျော်လွှားပြီး ဟန်ချက်ညီတဲ့ Life Style ကို ဘယ်လို ရှာမလဲ ?
1. အလုပ်ချိန်ကို သတ်မှတ်ပါ
တစ်ပတ် ခုနစ်ရက် ၊ တစ်ရက် ဆယ်နာရီထက် ပိုအလုပ်လုပ်မယ့်အစား သင့်တင့်မျှတတဲ့ အလုပ်ချိန်ဖြစ်အောင် ကြိုးစားပါ။ ဒါမှ ကိုယ်ပိုင်ဘဝအတွက် အချိန်လုံလောက်မှာပါ။
2. ဝန်းကျင်ကလူကို ဂရုစိုက်ပါ
သင့်မိသားစု၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းများနဲ့ အခြားသော အဖိုးတန်သူများနဲ့ အဆက်အသွယ်မပြတ်အောင် ကြိုးစားပါ။ ကျန်းမာတဲ့ဘဝတစ်ခုအတွက် သင့်ဝါသနာ ၊ လှုပ်ရှားမှုများနဲ့ အစီအစဉ်များကို သူတို့နဲ့ မျှဝေပါ။
3. သင့်ကိုယ်သင် ဂရုစိုက်ပါ
စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုများကို ကောင်းကောင်းထိန်းချုပ်နိုင်ဖို့ တရားထိုင်တာ ၊ ယောဂဆော့တာ ၊ စိတ်ပိုင်းဆိုင်ရာ အပန်းဖြေအနားယူတာမျိုး လုပ်ပေးပါ။ စာဖက်တာ ၊ သီချင်းနားထောင်တာ ၊ လမ်းလျှောက်တာ ၊ အကြိုက်ဆုံး ကော်ဖီဆိုင်မှာ ကော်ဖီသောက်တာ ၊ အရသာရှိတဲ့အစားအစာတွေ ချက်စားတာတွေကလည်း အနားယူနည်းတမျိုးပါပဲ။
4. အားလပ်ရက်ကို စီစဉ်ပါ
အားလပ်ရက်အကြာကြီးပဲဖြစ်ဖြစ် ခရီးတိုပဲဖြစ်ဖြစ်၊ အလုပ်ကနေ အနားယူပြီး သင့်ကို ပျော်ရွှင်မှုနဲ့ အပန်းဖြေမှုဖြစ်စေမယ့် လှုပ်ရှားမှုတွေပေါ်မှာ မြှုပ်နှံထားဖို့ကလည်း အရေးကြီးပါတယ်။ ဒီလိုအနားယူတာက သင့်ကို အပြည့်အဝအနားရစေတဲ့အပြင် အတွေ့အကြုံသစ်တွေရဖို့နဲ့ စိတ်အားတက်ကြွမှုအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။