ခေါင်းလျှော်ပြီးတိုင်း ဆံပင်က Frizzy ဖြစ်နေလို့ စိတ်ညစ်နေလား ? လူတိုင်းကတော့ ပုံကျပြီးလှနေတဲ့ ဆံပင်လေးကို လိုချင်ကြတာဘဲ။ Frizzy မဖြစ်စေဖို့ Heat Styling တွေအမြဲသုံးတဲ့အခါ ဆံသားတွေကခြောက်ပြီး ပျက်စီးလာနိုင်ပါတယ်။
ဒါဆို ဆံသားတွေမပျက်စီးစေဖို့ Heat Styling တွေကိုမသုံးဘဲ ပျော့ပျောင်းပြီးတောက်ပတဲ့ ဆံသားကို ဘယ်လိုရနိုင်မလဲ ?
1. Microfibre Towel
ခေါင်းလျှော်ပြီးလို့ ဆံပင်ကိုရေသုတ်တဲ့အခါ ပုံမှန် မျက်နှာသုတ်ပုဝါတွေကိုသုံးတာက ဆံပင်တွေပျက်တာ ၊ ဆံပင်ကျွတ်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဆံပင်အခြောက်ခံဖို့ Microfibre Towel သို့မဟုတ် ချည်သားတီရှပ်ကို သုံးပေးပါ။ သုံးတဲ့အခါ တဘက်နဲ့ပွတ်မယ့်အစား တဘက်လေးနဲ့ ရေစိုနေတဲ့ဆံပင်ကို စုပ်ပေးပါ။
2. Sulphate-Free Shampoo
Sulphate ပါတဲ့ခေါင်းလျှော်ရည်တွေက ဆံသားရဲ့သဘာဝအဆီတွေကို ဖယ်ရှားပစ်တာကြောင့် ဆံပင်ကို ပိုမိုကျွတ်လွယ်စေပါတယ်။ ဒါကြောင့် ခေါင်းလျှော်တဲ့အခါ Sulphate-Free Shampoo ကိုရွေးသုံးပါ။ Sulphateလ မပါတဲ့ ခေါင်းလျှော်ရည်ကို ပြောင်းသုံးတာက ဆံသားကို ရှိသင့်တဲ့ အစိုဓာတ်ရှိနေစေမှာဖြစ်ပြီး နူးညံ့စေပါတယ်။
3. Use Leave-In Conditioner
ခေါင်းလျှော်ပြီးတိုင်း Use Leave-In Conditioner သုံးပေးတာက ဆံသားကို အစိုဓာတ်ဖြည့်ပေးပြီး အကာအကွယ်အတားအဆီးတစ်ခု ဖန်တီးပေးပါတယ်။
4. Silk Pillowcase
ညအိပ်တဲ့အချိန် သုံးတဲ့ခေါင်းအုံးက ချည်သားဆိုရင် ဆံပင်တွေနဲ့ပွတ်တိုက်မှုဖြစ်ပြီး ဆံပင်ကျိုးတာ ၊ ပြတ်တာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဇိမ်ခံပစ္စည်းအသေးစားတစ်ခုလို ခံစားရနိုင်ပေမယ့် ပိုးသား သို့မဟုတ် ဖဲခေါင်းအုံးစွပ်ကို အသုံးပြုပေးပါ။
5. မကြာခဏခေါင်းလျှော်တာ
နေ့တိုင်းလိုလိုခေါင်းလျှော်တာက ဆံသားအတွက်လိုအပ်တဲ့အဆီတွေကို ဖယ်ရှားပစ်တာကြောင့် မလိုအပ်ပဲ နေ့တိုင်းခေါင်းလျှော်မယ့်အစား တစ်ရက်ခြားတိုင်း ဒါမှမဟုတ် တစ်ပတ်မှာ အကြိမ်ရေနည်းနည်းလောက်သာ လျှော်ပေးပါ။ ခေါင်းလျှော်တဲ့အခါ ဆံပင်အစိုဓာတ်ကို ထိန်းသိမ်းဖို့ ရေနွေးအစား ကြက်သီးနွေးရေကို သုံးပေးပါ။
6 .Serum Or Hair Oil
Lightweight ဖြစ်တဲ့ Serum သို့မဟုတ် Hair Oil တွေကို ပုံမှန်သုံးပေးရင်လည်း Frizzy ဖြစ်တာကို သက်သာစေပါတယ်။ လိမ်းတဲ့အခါ ဆံပင်မခြောက်တခြောက်ချိန်မှာ လိမ်းပေးတာက ဆံပင်ကျွတ်တာကို သက်သာစေပါတယ်။