ဖက်ရှင်ကျကျ စတိုင်ကျတဲ့လူ ၊ ရိုးရိုးရှင်းရှင်း စတိုင်ကျတဲ့လူဖြစ်ဖို့အတွက်က ပစ္စည်းအသစ်တွေအများကြီးမလိုပါဘူး။ သင့်ကိုယ်ပိုင်စတိုင်ကို မြှင့်တင်နိုင်ဖို့အတွက်က အခြေခံကျတဲ့ ဒီအချက်တွေကို လိုက်နာဖို့ပါပဲ။
အရင်ဆုံး မလိုအပ်တဲ့ မဝတ်တော့တဲ့အဝတ်အစားတွေနဲ့ပြည့်နေတဲ့ သင့်ဗီရိုကို ရှင်းလိုက်ပါ။ ဗီရိုထဲ အဝတ်အစားတွေ စနစ်တကျထားတာက မနက်အလုပ်သွားခါနီးတိုင်း “ဘာဝတ်ရမလဲ?” လို့အဝတ်ရွေးရတဲ့အချိန်ကို သက်သာစေပါတယ်။
သူများဘယ်လိုဝတ်တယ် ဘာတွေဝတ်တယ်ဆိုတဲ့အတိုင်း လိုက်ဝတ်တာမျိုးမလုပ်ဘဲ သင့်ကိုယ်ပိုင်စတိုင်ကိုဘဲ အာရုံစိုက်ပါ။ အဲဒီစတိုင်ကပဲ သင့်အတွက် အကောင်းဆုံး၊ အစစ်ဆုံး fashion tip တစ်ခုဖြစ်လာမှာပါ။
သင်ဝတ်သမျှအရာအားလုံးက ဈေးကြီးနေဖို့ မလိုပါဘူး။ ဈေးနှုန်းနဲ့ မဆိုင်ဘဲ၊ သင့်စတိုင်ကို ချပြနိုင်ဖို့ ပေါ်လွင်မှုရှိတဲ့ look တစ်ခုဖန်တီးနိုင်တာကသာ အဓိကပါ။
လက်ရှိ ခေတ်စားနေတဲ့ အရောင်တွေ၊ ဖိနပ်တွေ ၊ လူတိုင်းဝတ်နေတဲ့ဖက်ရှင်စတိုင်တွေက ဘယ်လိုပဲ ဖြစ်ဖြစ် သင့်ရဲ့ကိုယ်ပိုင်စတိုင်နဲ့ မကိုက်ညီဘူးဆိုရင် မဝယ်ပါနဲ့။
ကိုယ်ရွေးချယ်တဲ့ အတွင်းခံ အမျိုးအစားက သင့်ရဲ့ပုံစံကို လုံးဝပြောင်းလဲစေနိုင်ပါတယ်။ ဒါကြောင့် ကိုယ်နဲ့ ကိုက်ညီတဲ့ အတွင်းခံကို သေချာရွေးဝယ်ဖို့ မမေ့ပါနဲ့။
သင်ရွေးချယ်လိုက်တဲ့ outfit ဟာ ဘယ်လောက်ဘဲခေတ်မှီဘဲ စတိုင်ကျလှပနေပါစေ နေရထိုင်ရတာ သက်တောင့်သက်သာမရှိရင် အလကားပါပဲ။ ဒါကြောင့် သက်တောင့်သက်သာရှိပြီး ယုံကြည်မှု တက်စေတဲ့ look ဖြစ်ဖို့ သေချာရွေးချယ်ပါ။