ဆံပင်ရဲ့ကျန်းမာရေးကို ဂရုစိုက်တဲ့သူတိုင်းကတော့ Jojoba Oil ကို စိမ်းမယ်မထင်ပါဘူး။ Jojoba Oil ဟာ ဆံပင်ကြီးထွားမှုကို ကူညီပေးတဲ့ ရေပန်းအစားဆုံးအဆီတွေထဲမှာ ပါပါတယ်။ ဒါကြောင့် ဒီလိုမျိုး ဆံသားကျန်းမာရေးအတွက် အကျိုးအများကြီးပေးတဲ့ Jojoba Oil ကို ဆံပင်နဲ့ ဦးရေပြား အတွက် သုံးမယ်ဆို ဒီလိုနည်းလမ်းမျိုးတွေနဲ့ အသုံးပြုလို့ရပါတယ်။
ဆံသား Frizz ဖြစ်တာကိုလျော့ကျစေဖို့ smooth ဖြစ်စေဖို့နဲ့ တောက်ပြောင်ဖို့အတွက် ခေါင်းလျှော်ပြီးလို့ ဆံပင်ခြောက်သွားတဲ့အခါ ဆံပင်အမျိုးအစား ၊ အထူနဲ့အရှည်ပေါ်မူတည်ပြီး နောက်ဆုံး Finisher အနေနဲ့ Jojoba Oil ကို လေးငါးစက် သုံးပေးပါ။
ခြောက်သွေ့ပျက်စီးနေတဲ့ဆံသားအတွက် ပုံမှန်သုံးနေကြ Hair Mask ထဲ Jojoba Oil ကို လေးငါးစက် ထည့်သုံးပြီး Shower Cup လေးဆောင်းထားပေးပါ။
Jojoba Oil ကို ခေါင်းမလျှော်ခင် သုံးမယ်ဆိုရင်တော့ Jojoba Oil နည်းနည်းကို ဉီးရေပြားပေါ် တိုက်ရိုက်လိမ်းပြီးရင် ဉီးရေပြားကို မိနစ်အနည်းငယ်ကြာအောင် နှိပ်နယ်ပေးပါ။ ပြီးမှ ဆံသားအကုန်လုံးကို လိမ်းပေးပါ။ အထူးသဖြင့် အဖျားတွေကို အဓိကထားလိမ်းပေးပါ။
ညမအိပ်ခင် Jojoba Oil ကို လိမ်းအိပ်ပြီး မနက်မှ ခေါင်းလျှော်ရင်လည်း အံ့သြစရာကောင်းတဲ့ အကျိုးကျေးဇူးတွေကို ရစေပါတယ်။
Curls Hair ပိုင်ရှင်တွေအနေနဲ့လည်း cream နဲ့ gels တွေမလိမ်းခင် Jojoba oil ကို styling treatment အနေနဲ့ သုံးလို့ရပါသေးတယ်။ ဒီလိုသုံးပေးတာက ဆံသားကို ရေဓာတ်ပြည့်ဝစေတဲ့အပြင် နူးညံ့ပျော့ပျောင်းစေတာကြောင့် ပုံသွင်းရပိုလွယ်ကူစေပါတယ်။