အကြီးဆုံး Denim ခေတ်ရေစီးကြောင်းတွေထဲမှ တစ်ခုဖြစ်တဲ့ Denim Skirt တွေက အခုဆို လူငယ်တွေကြားမှာ တစ်ခေါက်ပြန်ပြီး ခေတ်စားလာပြန်ပါပြီ။ ဒါကြောင့် ပိုစမတ်ကျပြီး မိန်းမဆန်တဲ့ Look မျိုးရဖို့အတွက် ဂျင်းစကတ်ကို ဘာနဲ့တွဲဝတ်ရမလဲဆိုတာ ရွေးရခက်နေသူတွေအတွက် Styling Tips တချို့ကို ဝေမျှလိုကိ်ပါတယ်။

Collar Bones ကိုပေါ်စေတဲ့ ဒီလို Top မျိုးလေးနဲ့ တွဲဝတ်တာကလည်း သင့်ကိုပိုဆွဲဆောင်မှုပိုစေပါတယ်။

ရာသီဥတုအေးချိန်ဆို ဒီလို လည်ပင်းမြင့်မြင့်လေးတွေနဲ့ တွဲဝတ်တာကလည်း အအေးသက်သာပြီး စတိုင်လည်းကျစေပါတယ်။

Night Out ထွက်တဲ့အခါမှာလည်း ဒီလို အမိုက်စား အင်္ကျီတစ်ထည်နဲ့တွဲပြီး စတိုင်ကျလို့ရပါသေးတယ်။

ခပ်ဟော့ဟော့ဝတ်ရတာကြိုက်ရင်တော့ ဒီလို Top လေးနဲ့ တွဲဝတ်လိုက်ပါ။

ဘယ်တော့မှမရိုးသွားတဲ့ ရိုးရိုးတီရှပ်လေးနဲ့ဘဲတွဲဝတ်ချင်ရင်တော့ အမိုက်စားနဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံစံဖြစ်အောင် စကတ်ထဲကို ထည့်ပြီး ဝတ်လိုက်ပါ။

ရိုးရိုးတီရှပ်အစား ဂရပ်ဖစ်တီရှပ်နဲ့ တွဲဝတ်လည်း လှပါတယ်။

ပူတဲ့ရက်တွေမှာ ဒီလိုလက်ပြတ်လေးတွေနဲ့တွဲဝတ်တာကတော့ စတိုင်လည်းကျသလို သက်တောင့်သက်သာလည်းရှိပါတယ်။

အခုခေတ်ကောင်မလေးတွေကြား ခေတ်စားနေတဲ့ Crop tops လေးတွေကိုလည်း ချန်ထားလို့မရပါဘူး။

အလုပ်မှာ ပေါ့ပေါ့ပါးပါး ပုံစံမျိုးလေးဝတ်ချင်ရင်တော့ ဂျင်းစကတ်အတိုလေးကို အပေါ်ကနေ Blazer တစ်ထည်နဲ့ တွဲဝတ်လိုက်ပါ။